အောင်လံမြို့မှာ Express ယာဉ်နဲ့ဘေးတွဲဆိုင်ကယ်တိုက်မိလို့ တဦးသေဆုံး၊တဦးဒဏ်ရာရ

ဇူလိုင်၊၁၉

မကွေးတိုင်း၊ပြည်-အောင်လံလမ်း၊အောင်လံမြို့ အထက်တန်းကျောင်းရှေ့မှာ ဒီကနေ့မနက်ပိုင်းက ခရီးသည်တင် Express ယာဉ်နဲ့ဘေးတွဲဆိုင်ကယ်တိုက်မိလို့ အမျိုးသားတဦးသေဆုံးကာ နောက်ထပ်အမျိုးသားတဦးက တော့ ဒဏ်ရာရသွားတယ်လို့ မြို့နယ် မီးသတ်တပ်ဖွဲ့ကပြောပါတယ်။

“ယာဉ်ကြောက လားရာတူတူပဲ၊အဲ့ဒါကို ကားဘေးဘက်ခြမ်းနဲ့ဝင်တိုက်တာ၊ဆိုင်ကယ်မောင်းတဲ့သူက ကား အောက်ထဲဝင်သွားတာပေါ့၊ဘေးတွဲဆိုင်ကယ်ပေါ်က လူကတော့ ပြုတ်ကျကျန်ခဲ့တယ်၊ ဘေးတွဲဆိုင်ကယ် ကို တိုက်ပြီး ကားကြီးက ရပ်ထားတဲ့ဆိုင်ကယ်ကိုပါဝင်တိုက်မိတယ်”လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် တဦးက DNA ကိုပြောပါတယ်။

ရန်ကုန်-တောင်တွင်း ပြေးဆွဲနေတဲ့ မြရတနာ ခရီးသည်တင် Express ကားဟာ ဒီကနေ့မနက်ပိုင်းက ပြည်-အောင်လံလမ်းပေါ်မောင်းနှင်လာချိန် အောင်လံမြို့အထက်တန်းကျောင်းရှေ့အရောက် ဘေးချင်းကပ်မောင်း လာတဲ့ဘေးတွဲဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာလို့ ဆိုပါတယ်။

အဲ့ဒီယာဉ်တိုက်မှုကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်လာတဲ့ အသက် (၅၅)နှစ်အရွယ် ဦးလှသိန်းဆိုသူ သေဆုံး ခဲ့တာဖြစ်ပြီး ဆိုင်ကယ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသားတဦးကတော့ မစိုးရိမ်ရဒဏ်ရာတွေရသွားတာပါ။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Express  ယာဉ်မောင်းကိုအရေးယူနိုင်ဖို့ အောင်လံမြို့နယ်ရဲစခန်းမှာ ဖမ်းစီးချုပ်နှောင် ထားပြီး သေဆုံးသူနဲ့ဒဏ်ရာရသူတွေကိုတော့ မြို့ခံပရဟိတအသင်းက အောင်လံမြို့ဆေးရုံကြီးကိုပို့ပေးထား တယ်လို့ သိရပါတယ်။