ဇူလိုင်၊ ၁၈
ဘရာဇီး ဝါရင့် တောင်ပံတိုက်စစ်မှူးကြီး ဝီလျံဟာ လောလောလတ်လတ် နှုတ်ဆက် ထွက်ခွာလာတဲ့ အသင်းဟောင်းနဲ့ပဲ စာချုပ် ထပ်ချုပ်သွားခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ် ဝီလျံဟာ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ကလပ်ဖြစ်တဲ့ ဖူလ်ဟမ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့နောက် ဇူလိုင်လဆန်းမှာ အသင်းကို စွန့်ခွာလာခဲ့ပါတယ်။ သူဟာ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ညှိနှိုင်းမှုတွေ အဆင်ပြေ ချောမွေ့ခဲ့ပြီး စာချုပ်လုနီးပါးထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ လန်ဒန်ကလပ် ဖူလ်ဟမ်နဲ့ပဲ နောက်ထပ် ၁ နှစ်စာချုပ်ကို လက်မှတ် ရေးထိုးသွားခဲ့ပါတယ်။
အာဆင်နယ်နဲ့ ချဲလ်ဆီး အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဝီလျံက သူ့ရဲ့ အပြီးသတ် ဆုံးဖြတ်ချက်အတွက် အပြည့်အဝ ပျော်ရွှင်မိကြောင်း ပြောပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက ဖူလ်ဟမ်ကို အမှတ်ပေးဇယား အလယ်အလတ် အဆင့် ၁၀ နေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီက အသင်းအတွက် ကူညီပေးခဲ့တာမျိုး ရှေ့ဆက် အလုပ်လုပ်ခွင့် ရမှာကိုရော၊ အသင်းဖော်ဟောင်းတွေနဲ့ပဲ ပြန်လည် တွဲဖက်ရတာကိုပါ သူ့အနေနဲ့ ဝမ်းသာမိကြောင်း၊ ဖူလ်ဟမ်ဟာ လက်ရှိ ရာသီမှာ ပိုပြီးတော့တောင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ဦးမယ်လို့ ယုံကြည်ကြောင်း သူက ဝီလျံက ပြောပါတယ်။
ဝီလျံဟာ ပြီးခဲ့တဲ့ ရာသီက ဖူလ်ဟမ်နဲ့အတူ ပရီးမီးယားလိဂ်မှာ ၂၇ ပွဲထိ ပါဝင် ကစားပေးခဲ့ပြီး ၅ ဂိုးသွင်း၊ အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှု ၆ ကြိမ်ထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
Ref: ESPN