ဇူလိုင် ၊ ၁၂
မကွေးတိုင်းမြိုင်မြို့နယ်မှာ စစ်ကောင်စီကကင်းထောက်အဖြစ် စေလွှတ်လိုက်တဲ့ အရပ်ဘက်ကားတစီးကို စစ် ကောင်စီ စစ်ဆေးရေးဂိတ်ကပဲ ပစ်ခတ်မိတာကြောင့် ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တို့နှစ်ဦးသေဆုံးသွား တယ် လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက DNAကို ပြောပါတယ်။
“ကားသမားက သူတို့လူပဲဖြစ်မယ်၊အလောင်းပြန်လာကောက်တယ်”လို့သူကပြောပါတယ်။
မြိုင်မြို့အနောက်ဘက် ကားလမ်းအတိုင်း မနေ့ည ခြောက်နာရီလောက်မှာမောင်းနှင်လာတဲ့ ဖောကားတစီးကို မြိုင်မြို့အနောက်ဘက်အထွက်က ဒေသအခေါ် ကိုးဆောင်ဂိတ်လို့ လူသိများတဲ့ စစ်ဆေးရေးဂိတ်က စစ်ကောင် စီတပ်သားတွေနဲ့ပျူစောထီးတွေက ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
“တဖက်လှည့်နဲ့ကားကိုလွှတ်လိုက်တဲ့သဘောမှာရှိတယ်၊လွှတ်လိုက်တဲ့ဟာကို ဒီဂိတ်(စစ်ကောင်စီဂိတ်) ကကောင် တွေကမသိဘဲနဲ့ဒီဘက်(ကာကွယ်ရေးတပ်)ကလည်းမိုင်းဆွဲလိုက်တယ်၊ဂိတ်ကကောင်တွေကသူတို့ကိုလာပစ်တယ်ထင်ပြီးပစ်တယ်”လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
မြိုင်မြို့နယ်အတွင်းမှာ ဒေသကာကွယ်ရေးတပ်တွေကမြို့ပြင်နေရာအများစုကို စိုးမိုးထားတာကြောင့် စစ်ကောင်စီ တပ်တွေဟာ မြို့ပြင်မထွက်ရဲတာကြောင့် အဲ့ဒီ အရပ်ဘက်ကားကိုကင်းထောက်ဖို့စေလွှတ်လိုက်တာလို့ဒေသ ကာ ကွယ်ရေးတပ်တွေဘက်က ယူဆပါတယ်။
အဲ့ဒါကြောင့် ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမယ့် အဲ့ဒီကားကိုတော့ ထိခိုက်မှုမရှိခဲ့ဘဲ မိုင်းဆွဲ ခံရပြီးနောက် ဆက်လက်မောင်းနှင်သွားတယ်လို့ဆိုပါတယ်။
ဒါပေမယ့် မိုင်းဆွဲသံ ကြောင့် ကိုးဆောင်ဂိတ်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်တိုက်ခိုက် ခံရ တယ်လို့ ယူဆကာ ပစ်ခတ်ကြတာကြောင့် ဖောကားပေါ်က ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တို့ သေဆုံးသွား တာလို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
သေဆုံးသွားသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးလို့လည်း သူကပြော ပါတယ်။ပစ်ခတ်ခံရပြီး သေဆုံးသွားသူနှစ်ဦးဟာ စစ်ကောင်စီက ကင်းထောက်ဖို့ စေလွှတ်လိုက်သူတွေဆို တာနဲ့ ပတ်သက်လို့ DNA က သီးခြားအတည်မပြုနိုင်ပါဘူး။
သေဆုံးသွားတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့နှစ်ဦးရဲ့ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာကောက်ယူချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်တာကြောင့် ၁၅မိနစ်ဝန်းကျင်ကြာ အပြန် အလှန်ပစ်ခတ်မှုဖြစ်ခဲ့သေးတယ်လို့သိရပါတယ်။
အဲ့ဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးနဲ့ ရဲတဦး ကျည်ထိမှန်ဒဏ်ရာရသွားကြောင်း မျက်မြင်အတည် ပြုနိုင်တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။