ဇူလိုင် ၊ ၉
မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊သားကျင်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်ဟာဇူလိုင်လ၈ ရက် မနေ့က မနက်ပိုင်းမှာ ကျေးရွာနေဒေသခံတွေကို စစ်ဆေးမေးမြန်းရိုက်နှက်ကာ အမျိုးသားတဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ အရင်ကဖမ်းတာတွေရှိတယ်။ ဖမ်းပြီးလွှတ်လိုက်တာလည်း ရှိတယ်။ မလွတ်သေးတာလည်းရှိတယ်။ ဒါပေမယ့် အဲ့လိုမျိုးမလုပ်ဘူး ။လူတွေဖမ်းတာရှိတယ်။ ဒါပေမယ့် နှစ်လတကြိမ်လောက်ပဲ။ အခုမှ အိမ်ထဲကပစ္စည်းတွေ ယူတာအိမ်ထဲထိရှာဖွေတာလုပ်တာ အခုလည်း အိမ်ထဲထိ ကိုတိုးကို ဝင်ဖမ်းတာ အခုလောလောဆယ် တော့အဖမ်းခံရတဲ့သူ အခြေနေမသိသေးဘူး “လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာမနေ့က မနက် ၆ နာရီကစပြီး သားကျင်ရွာက ဒေသခံတွေကို အိမ်ထဲထိစစ်ဆေးမေးမြန်းတာတွေလုပ်နေ ပြီး လမ်းမှာတွေ့သမျှလူတိုင်းကို ရိုက်နှက်ကာ ဖုန်းနဲ့ငွေတွေကို ယူဆောင်သွားတယ်လို့ လည်းဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ သားကျင်ရွာလယ်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ကိုတိုး ကိုဖမ်းဆီးသွားတယ်လို့သိရပြီး ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သးတွေဟာ ဖမ်းဆီးထားတဲ့ ကို တိုးကို သူတို့ အထိုင်ချထားတဲ့ ဘုန်းကြီးကျောင်းကို ခေါ်ဆောင်သွားကာ ဇူလိုင်လ ၈ ရက်က မနေ့က ညနေ ၃ နာရီခန့်မှာ စစ်ကောင်စီကားနှစ်စီးနဲ့ ငါန်းဇွန်းမြို့ကို ခေါ်ဆောာင်သွားတယ်လို့သိရပါတယ်။
အင်အား ၁၀၀ ကျော်ရှိတဲ့စစ်ကောင်စီ တပ်ဟာ သားကျင်ရွာမှာ တပ်ဆွဲထားတာ တ နှစ်နီးပါးရှိပြီး မကြာခဏဆိုသလို ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာ ရိုက်နှက်တာ လမ်းသွားလမ်းလာ ပြည်သူတွေကနေ ငွေကြေးတောင်းခံမျိုးတွေလုပ်လေ့ရှိပေမယ့် အခုလိုအိမ်ထဲထိဝင်ရောက်ရှာဖွေတာကတော့ ပထမဆုံးလို့လည်းဆိုပါတယ်။