ကန့်ဘလူနယ်တောင်ဘက်ကကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ဒေသခံသုံးထောင်ဝန်းကျင် တိမ်းရှောင် နေရ

ဇူလိုင် ၊ ၈

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းက ကျေးရွာတွေဘက်ကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက စစ် ကြောင်းထိုးပြီး နေအိမ်တွေ မီးရှို့နေတာကြောင့် အရပ်သား ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေ ရတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့က သူတို့ စစ်ကြောင်းတွေ ခွဲပြီး ရွာထဲကို အစောကြီးရောက်ချလာတာ၊ အခုက ရွာထဲဝင်ပြီးတာနဲ့ မီးတန်းရှို့ တာပဲ၊ခက်တာက ဘယ်သူမှ ပြန်မကြည့်ရဲတော့ တိတိကျကျမသိရဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

ကန့်ဘလူမြို့နယ်တောင်ပိုင်းက စစ်ကောင်စီခြေမြန်တပ်ရင်း(၃၆၁)နဲ့ ပျူစောထီး အင်အား (၁၅၀)နီးပါးရှိတဲ့ ပူး ပေါင်းအဖွဲ့တွေဟာ မနေ့က မနက်အစောပိုင်းမှာ ထန်းကုန်းစံပြကျေးရွာဘက်ကနေ ဆူးပုတ်ကုန်း ရွာဘက်ကို စစ် ကြောင်းထိုးဝင်ရောက်လာပြီး ဆူးပုတ်ကုန်း၊ မင်းကုန်း၊ ဘိုကုန်း ရွာသုံးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် နောက်ထပ် အင်အား(၅၀)လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတခုကလည်း မနေ့က မနက်ပိုင်းမှာပဲ တင်ကုတ်ကြီးကျေးရွာဘက်ကနေ ကိုးမြို့ရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက် ဆီးခဲ့ပါသေးတယ်။

“ဆူးပုတ်ကုန်းနဲ့ ဘိုကုန်းက(ပျက်စီးမှု) မများဘူး၊မင်းကုန်းကတော့ တော်တော်များတယ်လို့ သိထားတယ်၊ကိုးမြို့ ရွာဘက်လည်း များတယ်လို့တော့ သိထားတယ်၊သူတို့က အဲဒီမနက်ပိုင်းမှာပဲ မီးရှို့တယ်၊ ရွာထဲမှာ တပ်စွဲထားတာ တနေ့လုံးပေါ့နော်၊ညနေပိုင်းမှာမှရွာကနေစစ်ကြောင်းပြန်ထွက်သွားတာ၊ကံကောင်းတာတခုကတော့အဲဒီမတိုင် ခင်မှာ ရွာသားတွေ ကြိုတင်တိမ်းရှောင်နိုင်လို့ပဲ၊ ဖမ်းခံရတာမျိုးတွေတော့ မရှိဘူး” လို့ဒေသခံတဦးက ပြောပါ တယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့သွားတဲ့ ဆူးပုတ်ကုန်းကျေးရွာဟာအိမ်ခြေ နှစ်ရာဝန်းကျင်ရှိကာဘိုကုန်း၊ မင်းကုန်းနဲ့ ကိုးမြို့ရွာမှာတော့ အိမ်ခြေ တရာအထက်မှာ ရှိကြပြီး လက်ရှိ ဒေသခံတွေက နေရပ်မပြန်ရဲကြသေးလို့ မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကို သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

အခုလိုစစ်ကောင်စီတပ်ဖွဲ့တွေစစ်ကြောင်းထိုးဝင်ရောက်မီးရှို့မှုတွေကြောင့် ဆူးပုတ်ကုန်း၊ ဘိုကုန်း၊ မင်းကုန်း၊ ကိုးမြို့ရွာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာပေါင်း ရှစ် ရွာထက်မနည်းကဒေသခံ သုံးထောင်ဝန်းကျင်ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါ တယ်။

“အခုဖြစ်တဲ့ရွာတွေက သူတို့ဘေးနားမှာ ပျူအားကောင်းတဲ့ရွာတွေဆိုတော့ ခဏခဏ စစ်ကြောင်းဝင်လာ တာရှိ တယ်၊ အဲဒါမို့လို့ အဲဒီအနီးအနားရွာတွေက ရွာခံတွေအများစုက အရင်ကတည်းက ထွက်ပြေးနေကြရတာများ တယ်ပေါ့နော်၊ တချို့ဆို မြို့တက်ပြီး ရှောင်နေကြတာ အရင်ကတည်းက” လို့ သူကပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေဟာ နီးစပ်ရာဆွေးမျိုးတွေနေအိမ်နဲ့ တောတောင်ဥယျာဉ်ခြံတွေမှာ အဆင်ပြေ သလို နေထိုင်နေရပြီး သူတို့အတွက် စားသောက်ဖို့ကို ဒေသတွင်းကူညီရေးအဖွဲ့အစည်းတချို့က ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးနေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ ကျေးရွာတွေဘက်ကို မကြာခဏစစ်ကြောင်းထိုးဝင် ရောက်နေပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လက်နက်နဲ့ လူအင်အားမမျှတာကြောင့် ပြည်သူ တွေ ကို အကာအကွယ်မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

ကန့်ဘလူနယ်ဟာ ပျူစောထီးအင်အားကောင်းတဲ့ ဒေသတခုဖြစ်သလို အဲ့ဒီနယ်က စစ်တပ်ထောက်ခံတဲ့ ပျူ ဘုန်း ကြီးဦးဝါသဝ ဦးဆောင်ကာ ဒေသခံတွေကို ပျူစောထီးထဲ ဝင်ဖို့၊ ပြည်သူ့စစ်သင်တန်း တွေတက်ဖို့ ဖိအားပေးခြိမ်း ခြောက် လူစုဆောင်းတာမျိုးတွေလည်း လုပ်နေတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောထားပါ တယ်။

“လက်နက်တွေလည်း အတော်လေးကို တပ်ဆင်ထားပေးတယ်၊ မနေ့ကတောင် သူတို့ စစ်ကြောင်းသုံးကြောင်း တောင် နေရာခွဲပြီး ဝင်လာတာ၊အင်အားလည်း အတော်များတယ်၊လုပ်ပေးနိုင်တာကတော့ စစ်ကြောင်း မထိုးခင် ရွာသားတွေကို ဘေးလွတ်ရာကို အမြန်ဆုံးရွေ့ပြောင်းနိုင်အောင် ကူညီပေးတာပေါ့နော်၊သူတို့ဝင်လာတာကို ပြန် လည် ခုခံတိုက်ခိုက်ဖို့ အကာအကွယ်ပေးနိုင်ဖို့က မလွယ်သေးဘူး” လို့ ကန့်ဘလူ ပ.က.ဖ တာဝန်ရှိသူက ပြောပါ တယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကန့်ဘလူမြို့နယ်မှာဆိုရင် စစ်ရှောင်နေရတဲ့ပြည်သူ သိန်းနဲ့ချီရှိပြီး အမြဲတမ်း စစ်ရှောင်နေရ တဲ့ပြည်သူ သုံးသောင်းနီးပါးရှိတယ်လို့ စစ်ရှောင်တွေကိုအကူအညီပေးနေသူတွေဆီက သိရပါ တယ်။

photo Infinity Group