စစ်ကောင်စီဖမ်းဆီးထားတဲ့ သတင်းစာ ဆရာတဦးနဲ့ အနုပညာရှင်တချို့ ပြန်လွတ်မြောက်လာ

ဇူလိုင် ၊ ၈

စစ်အုပ်စုက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုဖမ်းဆီးထားတဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေနဲ့မေပန်းချီ၊ရွှေရည်သိန်းတန်၊မေလသံစဉ်၊မြတ်သူသူ(ခ)မိုးမိုးမြတ်ဇင် စတဲ့ အနုပညာရှင်တွေ မနေ့ညပိုင်းက ပြန်လည်လွတ်မြောက်လာတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။

“အဲဒီထဲမှာ မေပန်ချီတစ်ယောက်ပဲ ထောင်ဒဏ် သတ်မှတ်ရသေးတာပေါ့၊သူကမြောက်ဒဂုံမြို့ထဲမှာဆိုတော့ စစ် အုပ်ချူပ်ရေး ကြေညာထားလို့ အမိန့်ချခံလိုက်ရတာပါ၊ကျန်တဲ့လူတွေတော့ အမှုစစ်ဆေးဆဲ ကာလပဲရှိသေး တာ ပေါ့ “ လို့ တရားရေးနဲ့ နီးစပ်သူ တဦးကပြောပါတယ်။

သူတို့ငါးဦးကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာလို့ စစ်အုပ်စုရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် တွေကဖော်ပြပါတယ်။

အဲ့ဒီအနုပညာရှင်တွေနဲ့ သတင်းစာဆရာတို့ဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ကန့်ဘလူမြို့နယ်ပဇီကြီးကျေးရွာ လေ ကြောင်းတိုက်ခိုက် မှုနဲ့ပတ်သက်လို့ ဝမ်းနည်းကြောင်း လူမှုကွန်ရက်ပေါ်မှာာ ထုတ်ဖော်ပြသခဲ့ကြပြီးနောက် ဖမ်း ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ငါးဦးလုံးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့ပြီး သရုပ်ဆောင်နဲ့မော်ဒယ် မေပန်းချီကို တော့ စစ်ခုံရုံးက ဇွန်လဆန်ပိုင်းမှာ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်က ပဇီကြီးရွာမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံ အခမ်းအနားတခု လုပ် နေချိန် စစ်ကောင်စီက ဗုံးကြဲချခဲ့တာ ကြောင့် လူဦးရေ နှစ်ရာနီးပါးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရ သူတွေ လည်း အများအပြားရှိခဲ့ပါတယ်။

ဗုံးကြဲချချိန်ဟာ အခမ်းအနားလာကြတဲ့ ဒေသခံတွေကို ကျွေးမွေးဧည့်ခံနေချိန်ဖြစ်တယ်လို့ ဒေသခံတွေကပြော ကြပါတယ်။လူဦးရေအများအပြား သေဆုံးတဲ့ဗုံးကြဲတိုက်ခိုက်ခံရမှုအပြင် နောက်ဆက်တွဲစစ်ကြောင်းထိုးမှုတွေ လည်းရှိခဲ့တာကြောင့် ပဇီကြီးရွာခံတွေ ဟာ ဒီကနေ့အထိ ရွာမှာပြန်မနေနိုင်ကြသေးပါဘူး။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးထိခိုက်ကြရသူတွေအတွက် လူမှုကွန်ရက်သုံးစွဲသူတွေက ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်မှာာ အနက်ရောင် ပရိုဖိုင်ပြောင်းတာ၊ဝမ်းနည်းကြောင်းရေးသားဖော်ပြကြတာတွေရှိခဲ့ပြီး အဲ့ဒီလိုလုပ်သူတွေကို ဖမ်းဆီးဖို့ စစ်အုပ်စုရဲ့ တယ်လီဂရမ်ချန်နယ်တွေက တိုက်တွန်းလှုံ့ဆော်ခဲ့ကြပါတယ်။

photo google