အုတ်ဖိုမြို့နယ်က ပျူစောထီးခေါင်းဆောင် ရာအိမ်မှူးတဦး ပစ်ခတ်ခံရပြီးသေဆုံး

 

 

ဇူလိုင် ၊ ၆

 ပဲခူးတိုင်း၊သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊အောက်ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကလေးရွာမှာနေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် ရာအိမ်မှူးဖားမြင့်ဦးအား ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၆ ရက် ဒီကနေ့ မနက်မှာ ပစ်ခတ်ခဲ့လို့ နေရာမှာပင်သေဆုံးခဲ့တယ်လို့သိရပါတယ်။

 “ သူက လောင်းးကစားဒိုင်၊ချဲ၊ နှစ်လုံးဒိုင်၊အရက်ဆိုင်တွေ၊ သစ်ခိုးထုတ်တဲ့သူတွေ ဆီက ဆက်ကြေးကောက်တယ်။ ပြည်သူတွေကိုလည်း မကြာခဏ မထင်ရင်မထင်သလိုပေါ့ဗျာ အနိုင့်ကျင့်ဒုက္ခပေးတယ် ။အဲ့ဒါကြောင့် သူ့ကိုရှင်းလင်းလိုက်တာ “လို့သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)မှ ဗိုလ်လော်ရိန်ကပြောပါတယ်။ 

သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၄)မြေအောက်ပြောက်ကျားအဖွဲ့(အုတ်ဖို)က ဒီကနေ့ မနက် ၆ နာရီခန့်မှာ ပျူစောထီးခေါင်းဆောင် ဖားမြင့်ဦးကို ကိုင်းကလေးရွာက သူရဲ့ နေအိမ်မှာပဲ ဦးခေါင်းကိုသေနတ်နဲ့ လေးချက်ပစ်ခတ်ခဲ့တယ်လို့လည်း ဗိုလ်လော်ရိန်က ဆက်ပြောပါတယ်။

 ပျူးစောထီးခေါင်းဆောင် ရာအိမ်မှူးဖားမြင့်ဦးဟာာ စစ်ကောင်စီတပ်ဘက်တော်သား နယ်ထိန်း ဇော်ထွန်းဦးနဲ့ ပေါင်းကာ တရာမဝင်လောင်းကစားဝိုင်းများ၊ ချဲ၊ နှစ်လုံးဒိုင်၊အရက်ဆိုင်တွေက ဆက်ကြေးကောက်ခံတာ၊ စိုက်ပျိုးရေးဘဏ်ချေးငွေနဲ့ မြစိမ်းရောင် ချေးငွေတွေကို ခြိမ်းခြောက်တောင်းခံတာလုပ်ဆောင်ပြီး စစ်ကောင်စီအတွက် လိုအပ်ရင် အသက်ပေးမယ်လို့ကြွေးကြော်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ သေဆုံးသူရဲ့ မိသားစုနဲ့ ဆွေမျိုးတွေကလည်း စစ်ကောင်စီအတွက် အင်အားစုဆောင်းပေးတာ လုပ်ဆောင်ပေးနေပြီး ဒေသခံတွေကိုလည်း ဖိနှိပ်အနိုင်ကျင့် ဒုက္ခပေးနေတယ်လို့လည်း ဗိုလ်လော်ရိန်က ပြောပါတယ်။

 “ ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့အတွက် ပြည်သူကိုကာကွယ်ရမယ့်တာဝန်ရှိလို့ ပြည်သူတွေကိုဒုက္ခပေးနေတဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို စီစစ် အတည်ပြုပြီးရှင်းလင်းနေတာပါ ဆက်လက်ပြီးလည်း ပြည်သူတွေကို ဒုက္ခပေးနေတဲ့သူတွေကို စီစစ်ပြီးရှင်းလင်းသွားမယ်” လို့ ဗိုလ်လော်ရိန်ကပြောပါတယ် ။ 

Photo- သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂