ဇူလိုင်၊ ၁
အရှေ့တီမောနိုင်ငံအစိုးရသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့တယ်လို့ အဲ့ဒီဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒါဟာ ပြည်ပ အစိုးရတရပ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲလို နိုင်ငံအဆင့် အခမ်းအ နားတရပ်မှာ NUG အစိုးရအဖွဲ့ဝင် တွေ ပထမဆုံးတက်ရောက်ခွင့်ရတဲ့ မှတ်တမ်းဖြစ်လာပါတယ်။
အဲ့ဒီအခမ်းအနားမှာ အရှေ့တီမောနိုင်ငံ သမ္မတကမိန့်ခွန်းပြောကြားချိန်မှာ နိုင်ငံ ခြားရေးဝန်ကြီး ဒေါ်ဇင်မာ အောင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့်တို့ကို ထည့်သွင်း နှုတ်ဆက်ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကဖော်ပြပါတယ်။
အရှေ့တီမောနိုင်ငံရဲ့ ပါလီမန်ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ မေလအတွင်းက ကျင်းပခဲ့ရာမှာ တီမောနိုင်ငံရဲ့ လွတ် လပ်ရေးခေါင်းဆောင်ဖြစ်သလို လွတ်လပ်ရေးရပြီးနောက် ပထမဆုံး သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရှောင် နာနာ ဂတ်စမော(Xanana Gusmão)ဦးဆောင်တဲ့ ပါတီက အနိုင်ရခဲ့တာကြောင့် အစိုးရအဖွဲ့သစ် တက်လာတာ ဖြစ်ပါတယ်။
photo NUG