ဇွန်၊ ၂၉
ရန်ကုန်မြို၊ဒေါပုံမြို့နယ်မှာရှိတဲ့ မဟာဗန္ဓုလတံတားပေါ်ကနေ အမျိုးသမီး ခုန်ချသေကြောင်းကြံမှု ဒီကနေ့ နေ့ လယ်ပိုင်းကဖြစ်ခဲ့ပေမယ့် အနီးပတ်ဝန်းကျင်မှာရှိနေသူတွေက ကယ်တင်နိုင်ခဲ့တယ်လို့ မြို့ခံပရဟိတ အဖွဲ့တွေဆီ ကသိရပါတယ်။
ခုန်ချသေကြောင်းကြံခဲ့သူဟာ အသက် (၄၂)အရွယ်အမျိုးသမီးတဦးဖြစ်ပြီး မဟာဗန္ဓုလတံတားပေါ်ကနေ ပုစွန်တောင် ချောင်းထဲ ခုန်ချသေကြောင်းကြံခဲ့တာလို့ဆိုပါတယ်။
အနီးဝန်းကျင်မှာ ရှိနေသူတွေက ကယ်တင်ထားတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေအခင်းဖြစ်နေရာကို ရောက် ချိန်မှာ ချောင်းထဲခုန်ချခဲ့တဲ့အမျိုးသမီးဟာ ကုန်းပေါ်ကို ရောက်နေပြီလို့ စေတနာလူမှုကူညီရေး အသင်း တာဝန် ရှိသူတဦးကပြောပါတယ်။
ချောင်းထဲ ခုန်ချခဲ့တဲ့အမျိုးသမီးဟာ အရက်သေစာ သောက်စားထားတဲ့အခြေအနေရှိပြီး အမည်နဲ့ အသက်ကလွဲလို့ နောက်ထပ် ကိုယ်ရေးအချက်အလက်တွေမသိရသေးဘူးလို့ သူကပြောပါတယ်။
လက်ရှိမှာတော့ အဲ့ဒီအမျိုးသမီးဟာ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ဘူးလို့သိရပါတယ်။
အာဏာသိမ်းပြီးနောက် ရန်ကုန်အပါအဝင် ဒေသတချို့မှာ တံတားပေါ်က ခုန်ချသေကြောင်းကြံသည်မှုတွေ အပါအဝင် နည်းအမျိုးမျိုးနဲ့ သေကြောင်းကြံစည်မှုတွေမကြာခဏဖြစ်ခဲ့ပါတယ်။
မနေ့ကလည်း ရန်ကုန်မြို့က နိုင်ငံခြားဘာသာ တက္ကသိုလ်ဝန်းအတွင်း အထပ်မြင့်အဆောက်အဦးတခုပေါ်က နေ လူငယ်အမျိုးသားတဦး ပြုတ်ကျသေဆုံးမှုဖြစ်ခဲ့ပါတယ်။