ခင်ဦးမှာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ကလေးတဦးအပါအဝင် ခုနစ်ဦးဒဏ်ရာရ

ဇွန်၊ ၂၈
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၊ မြစ်ကြီးနား-ရွှေဘို ကားလမ်းမကြီးပေါ်မှာ မနေ့က နေ့လယ်ပိုင်းက ခရီးသည်တင် Express ယာဉ်တစီး မိုင်းထိလို့ ကားပေါ်ပါ ခရီးသည်ခုနစ်ဦး မစိုးရိမ်ရဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ကိုယ်တိုင်ကြုံခဲ့တဲ့ ခရီးသည်တင်ယာဉ်မောင်းက DNA ကိုပြောပါတယ်။
 
” ကားရှေ့ဘက်ပိုင်းကို ထိတာပေါ့၊ ယမ်းစတွေတော့ မဟုတ်ဘူး၊ ကားမှန် အစအနတွေ ထိတာ၊ ရှေ့ဆုံးခုံမှာ ထိုင်တဲ့သူတွေ ဒဏ်ရာရတယ်၊ ဆေးရုံမှာ လိုအပ်တဲ့ ဆေးဝါးကုသမှု ခံယူပြီး ခရီးဆက်ခဲ့ပါတယ်၊ ကြီးကြီးမားမား ဒဏ်ရာရတာတော့ မရှိပါဘူး ” လို့ သူကပြောပါတယ်။
 
စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ရန်ကုန်မြို့ကို ထွက်ခွာလာတဲ့ တင့်တိုင်းအောင် ခရီးသည်တင်ယာဉ်လိုင်းက ယာဉ်တစီးဟာ မြစ်ကြီးနား-ရွှေဘို ကားလမ်းမကြီးပေါ် ခင်ဦးမြို့နယ် ထနောင်းကိုင်းလေးရွာ အနီးအရောက်မှာ မိုင်း ပေါက်ကွဲမှုနဲ့ ကြုံခဲ့တာလို့ သိရပါတယ်။
 
ပေါက်ကွဲမှုကြောင့် ကလေးမြို့ခံ အမျိုးသားလေးဦး၊ အမျိုးသမီး နှစ်ဦးနဲ့ အသက် သုံးနှစ်ကျော်အရွယ် မိန်းကလေး တဦးတို့ မှန်စထိမှန်ဒဏ်ရာတွေရကာ ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ အချိန် နှစ်နာရီကြာ ကုသမှု ခံခဲ့ရတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ​ – Social Media