ဇွန်၊ ၂၄
စစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ တိုင်းအဆင့် အတိုင်ပင်ခံကောင်စီတရပ် ပေါ် ပေါက်လာရေး ပါဝင်ဦးဆောင်ပေးဖို့ စစ်ကိုင်းတိုင်းအခြေစိုက် သပိတ်အင်အားစုတချို့က တိုင်းလွှတ်တော် ကိုယ် စားပြုကော်မတီ(CRSH)ကို တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
NLD ပါတီဝင် အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH)နဲ့ တိုင်းအ တွင်း အခြေစိုက်တဲ့ သပိတ်အင်အားစုတွေဟာ ဒီကနေ့ မနက်ပိုင်းက အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ ကြ တာပါ။
အဲ့ဒီတွေ့ဆုံဆွေးနွေးမှုမှာ စစ်ကိုင်းတိုင်းရဲ့ တော်လှန်ရေးကာလ မူဝါဒရေးရာကိစ္စရပ်တွေကို အပြန်အလှန်ဆွေး နွေးခဲ့ကြတယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီက ကိုခန့်ဝေဖြိုးက DNA ကိုပြောပါတယ်။
“မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နဲ့အညီ တိုင်းအဆင့်အတိုင် ပင်ခံ ကောင်စီ ဖြစ်ပေါ်လာဖို့ CRSH အနေနဲ့ ပါဝင်ဦးဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်၊အဲ့ဒီတိုက်တွန်းတဲ့ကိစ္စ ဖြစ်၊မဖြစ် က ပြည်သူလုထုနဲ့အတူ ကျွန်တော်တို့လည်း စောင့်ကြည့်နေပါမယ်” လို့သူကပြောပါတယ်။
စစ်ကိုင်းတိုင်းဟာ နွေဦးတော်လှန်ရေးအတွက် အရေးပါတဲ့ဒေသတခုဖြစ်နေပြီး စစ်ကောင်စီကိုခုခံတိုက်ခိုက်မှု လည်းအားကောင်းပေမယ့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊သီးခြားရပ်တည်နေတဲ့ LPDF အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစု အစုအဖွဲ့တွေအများအပြားရှိနေပါတယ်။
အဲ့ဒီလို အဖွဲ့အစည်းမျိုးစုံကို စစ်ရေးနိုင်ငံရေးအရ ညှိနှိုင်းပေါင်းစပ်နိုင်ဖို့ တိုင်းအဆင့် အတိုင်ပင်ခံကောင်စီလို စု စည်းမှုမျိုးလိုအပ်တယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုဝင်တွေကြား ရှုမြင်ယူဆချက်တွေ လည်းရှိနေ တာပါ။
ဒါပေမယ့် ဒီအပေါ်မှာ သဘောထားကွဲလွဲမှုတွေလည်း ရှိနေသေးပြီး တိုင်းအဆင့် အစုအဖွဲ့တရပ် စုဖွဲ့နိုင်ရေး စ တင်လုပ်ဆောင်နိုင်တာမျိုးမရှိသေးပါဘူး။ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်ကိုင်းဖိုရမ်မှာတော့ တိုင်း အဆင့် အတိုင်ပင်ကောင်စီဖွဲ့စည်းနိုင်ရေး ဦးတည်ဆောင်ရွက်ကြဖို့ အဲ့ဒီဖိုရမ်တက်ရောက်ခဲ့တဲ့ အင်အားစုတွေ ကြား သဘောတူခဲ့ကြတာရှိပါတယ်။
ဒီကနေ့ တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ သပိတ်အင်အားစုတွေ၊စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေး အင်အားစုတချို့ တွေ့ဆုံဆွေးနွေးမှုကတော့ စစ်ကိုင်းဖိုရမ်နဲ့ သက်ဆိုင်မှုမရှိဘဲ အမြင်သဘောထားတွေမျှဝေပြီး အပြန်အလှန်အကြံပြုပြုကြတဲ့သဘောလို့ တွေ့ဆုံရာမှာပါဝင်သူတွေကပြောပါတယ်။
“ ဘုံရည်မှန်းချက်တူတယ်၊ဒါကြောင့် အတူသွားမယ်၊လမ်းကြောင်းမတူပေမယ့် ပန်းတိုင်တူသည့်အတွက် တနေရာ မှာဆုံဖြစ်မယ်ဆိုတဲ့ နားလည်မှုအပြန်အလှန်ထားကြတဲ့ တွေ့ဆုံပွဲပါ” လို့ စစ်ကိုင်းလွှတ်တော်ကိုယ်စားပြု ကော်မ တီ(CRSH)ဥက္ကဌ ဦးမြင့်ထွေးက ပြောပါတယ်။