ထိန်ပင်အမှိုက်ပုံမှာဓာတုပစ္စည်းတွေ လာရောက်စွန့်ပစ်ရာကပေါက်ကွဲမီးလောင်မှုဖြစ်လို့ ကုန်တင်ကားတစီး နဲ့မြေတူးစက်နှစ်စီးပျက်စီး

ဇွန် ၊ ၂၂

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ထိန်ပင်အမှိုက်ပုံမှာ တွဲကားတစီးနဲ့ ဓာတုဗေဒစွန့်ပစ်ပစ္စည်းတွေ လာရောက် စွန့်ပစ်ရာက မီးလောင်မှုဖြစ်ပြီး ကုန်တင်ကားတစီးနဲ့ မြေတူးစက်နှစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ မီးသတ် တပ် ဖွဲ့ဝင်တွေဆီကသိရပါတယ်။

 ဒီကနေ့မနက်ပိုင်းက ထိန်ပင် အမှိုက်ပုံမှာ ၂၂ဘီး ကုန်တင်ကားတစီးစာ ဓာတုစွန့်ပစ်ပစ္စည်းတွေကို မြေတူး စက်နဲ့ ကျင်းတူးပြီး လာရောက်စွန့်ပစ်မြှုပ်နှံချိန်မှာ ပေါက်ကွဲမှုဖြစ်ကာ မီးလောင်ခဲ့တာလို့ သိရပါတယ်။

 “ပစ္စည်းတွေကများတယ်၊ကျင်းအရင်တူးပြီး ကားပေါ်ကနေပစ္စည်းတွေကို ဘတ်ဟိုးနဲ့သယ်ပြီး မြုပ်နေ ကြ တာ၊ ဘတ်ဟိုးက ကျင်းထဲ ပစ္စည်းတွေကို ခွက်နဲ့ဖိတဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်တာ ကားသုံးစီးလုံးတော့ မီး လောင် ဆုံး ရှုံးသွားတယ်” လို့ အဲ့ဒီမီးလောင်မှုကို ငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင် တဦးက DNA ကိုပြောပါ တယ်။

 ဓာတုပစ္စည်းတွေ ပေါက်ကွဲရာက မီးလောင်မှုစတင်ဖြစ်ခဲ့တာဖြစ်ပြီး အဲ့ဒီဓာတုပစ္စည်းတွေ သယ်လာတဲ့ ကုန်တင် ကားနဲ့ ထိန်ပင်အမှိုက်ပုံမှာ အသုံးပြုနေတဲ့ ဘတ်ဟိုးနှစ်စီး မီးလောင်ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ် ရာရမှုတော့ မရှိ ဘူးလို့သိရပါတယ်။

ဒီကနေ့ မနက်ပိုင်း ထိန်ပင်အမှိုက်ပုံမီးလောင်မှုကို  Level-2 အဆင့် သတ်မှတ်ပြီး တနာရီဝန်းကျင်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဌာန ကလည်း ထုတ်ပြန်ထားပါတယ်။

“ပစ္စည်းတွေကများတယ်ဗျ၊ကားပေါ်မှာ အပြည့်ပဲ အိတ်တွေနဲ့ရော တိုင်ကီတွေနဲ့ရောပဲ ကယ်ဆယ်ရေး အ သင်းက လူတွေဆို အဲ့ဒီနားမကပ်ခိုင်းဘူး မီးသတ်ကလူတွေပဲ အနားကပ်ခွင့်ပြုတယ်၊ အခုတော့ လုံခြုံ ရေး တပ်ဖွဲ့ဝင် တချို့ တော့ရောက်လာပြီ၊ဘာတွေလုပ်နေလဲတော့မသိဘူး၊ သွားလည်းမကြည့်ရဲဘူး”လို့ ထိန်ပင် အမှိုက်ပုံ အနီးဝန်းကျင်က  လှိုင်သာယာဒေသခံတဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်စေခဲ့တဲ့ စွန့်ပစ်ဓာတုပစ္စည်းတွေနဲ့ ပတ်သက်လို့ ဘယ်ကုမ္ပဏီအဖွဲ့အစည်းတွေကလာ ရောက်စွန့် ပစ်တဲ့ ပစ္စည်းတွေဖြစ်တယ်၊လက်ရှိ ဘယ်လို အရေးယူဆောင်ရွက်မှုတွေ လုပ်နေတယ်ဆိုတဲ့ အသေးစိတ်အခြေ အနေတွေကိုတော့မသိရသေးပါဘူး။

photo MFSD/CJ