ဇွန်၊ ၁၈
လာမယ့်ဇွန် ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်ပြည့်မွေးနေ့အမှတ်တရအနေနဲ့ မန္တလေးသပိတ်အင်အားစုက တော်လှန်ရေးလှုပ်ရှားမှုတခုကိုဒီကနေ့ ဇွန်လ ၁၈ ရက်မှာပြုလုပ်ခဲ့ကြောင်းထုတ်ပြန်လာပါတယ်။
ဒီလှုပ်ရှားမှုကိုတော့ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကည်နဲ့ တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ သောင်းနဲ့ချီတဲ့ရဟန်းရှင်လူ ကျောင်းသားပြည်သူ နိုင်ငံရေးအကျဥ်းသားတွေကို ဂုဏ်ပြုလေးစားအောက်မေ့တဲ့အနေနဲ့ သောလည်းကောင်း တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြတဲ့အမျိုးသမီးထုရဲ့ဂုဏ်ရည်ကိုဖော်ညွှန်းသောအားဖြင့်လည်းကောင်းပြုလုပ်တာဖြစ်တယ်လို့ သပိတ်အင်အားစုကထုတ်ပြန်ထားပါတယ်။
ဒီကနေ့လှုပ်ရှားမှုမှာတော့ အင်္ကျီအပြာဝတ်ဆင်ပြီးလုပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေထဲက တခုဖြစ်တဲ့ Freedom From Fear အားဝတ်ဆင်ဆန္ဒပြခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၈ နှစ်မြောက် မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်မှာ တော့ ပန်းသပိတ် လှုပ်ရှားမှု ပြုလုပ်သွားမှာဖြစ်ပြီး ပြည်သူတွေလည်း သင့်လျော်တဲ့ နည်းလမ်းတွေနဲ့ ပါဝင်နိုင်တယ်လို့ တော်လှန်ရေးအင်အားစု တွေကတိုက်တွန်းပြောဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်ကောင်စီက ဖမ်းဆီးထားသူ အားလုံးကို သတိတရရှိနေကြောင်း၊ ဂုဏ်ပြုလေးစားကြောင်း ပြသတဲ့အနေနဲ့ ဒီလှုပ်ရှားမှုကို ပြုလုပ်မှာဖြစ်တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ GSCB က ဆိုပါတယ်။