ပြည်ပမှာအလုပ်သွားလုပ်မယ့် ဂန့်ဂေါဒေသခံလူငယ်တဦး စစ်ကောင်စီက ဖုန်းစစ်ပြီးနောက်ဖမ်းဆီးခံရ

ဇွန် ၊ ၁၇

မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့အတွက် ခရီးထွက်လာတဲ့ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်က ဒေသခံလူငယ် တ ဦးဟာ လက်ကိုင်ဖုန်း စစ်ဆေးခံရပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါ တယ်။

ဂန့်ဂေါမြို့နယ် မြောက်ပိုင်း နှမ်းခါးကျေးရွာ ဒေသခံ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် လူငယ်အမျိုးသားတဦးဟာ ပြည်ပကို အလုပ်သွားလုပ်ဖို့အတွက် မနေ့က ဂန့်ဂေါကားဂိတ်ကနေ ခရီးထွက်ဖို့ပြင်ဆင်နေချိန်မှာ ဖမ်းဆီးခံ လိုက်ရတာလို့ ဆိုပါတယ်။

ဂန့်ဂေါမြို့ပေါ် စစ်ဆေးရေးဂိတ်က စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ဂန့်ဂေါကားဂိတ်ကတဆင့် ခရီးသွားဖို့ မြို့ပေါ် တက်လာသူတွေရဲ့ ဖုန်းကို တောင်းယူသိမ်းဆည်းထားလိုက်ပြီး စစ်ဆေးမှုတွေလုပ်ပြီး မြို့အထွက်ရောက်မှ ဖုန်း တွေပြန်ပေးလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့ကဖမ်းဆီးခံရတဲ့လူငယ်ဟာ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကလာသူဖြစ်ပြီး ဂန့်ဂေါမြို့အဝင် ခ.လ.ရ (၅၀) ဂိတ် မှာ သူ့ဖုန်းကို ပေးထားခဲ့ပြီး ဂန့်ဂေါမြို့ကားဂိတ်မှာ ကားစီးဖို့စောင့်နေချိန်မှာ အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ ကလာရောက်ဖမ်းဆီးသွားတာလို့ဆိုပါတယ်။

“သူတို့က ဖုန်းကိုကွန်ပျူတာတွေနဲ့စစ်တော့ ဖျက်ထားပြီးသားတွေလည်းပေါ်တယ်လို့ပြောကြတယ်ဗျ၊ သူတို့ဘာမှ မတွေ့ရင်တော့ မန္တလေးဘက်အထွက် မြို့တောင်ဘက်ဂိတ်မှာပြန်ပေးတယ်၊ ဖုန်းထဲကတခုခု တွေ့တာလား မသိ ဘူး” လို့ ဂန့်ဂေါဒေသခံတဦးကပြောပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်ဟာ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း နှမ်းခါးကျေးရွာကဒသခံ လူငယ်တဦးဖြစ်ပြီး မလေးရှားကို အလုပ်သွားရောက်လုပ်ကိုင်ဖို့ထွက်ခွာ သွားတာမှာခုလိုဖမ်းဆီးခံရတာဖြစ်တယ်လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီလူငယ်ဟာ မလေးရှားသွားဖို့ ခရီးထွက်သွားတာလို့ ဂန့်ဂေါမြောက်ပိုင်း ဒေသခံက အတည်ပြုပေမယ့် ဖမ်းဆီး ခံရသူရဲ့ အမည်နဲ့ မိသားစုဝင်တွေရဲ့ အမည်ကိုတော့ လုံခြုံရေးအခြေအနေအရလို့ဆိုကာ ထုတ်ပြောဖို့ ငြင်းဆန် ပါတယ်။

“မိသားစုတွေလည်း အသက်အန္တရာယ်စိုးရိမ်နေကြတယ်၊ဂန့်ဂေါစစ်ဆေးရေးဂိတ်က ကြမ်းတယ်၊ရွာဘက်မှာ အ လုပ်အကိုင်ရှားပါးလို့ မိသားစုစားဝတ်နေရေးအတွက် မလေးရှားသွားဖို့လုပ်တာပါ” လို့ ဂန့်ဂေါမြောက်ပိုင်း ဒေသ ခံကပြောပါတယ်။

နှမ်းခါးကျေးရွာဟာ ဂန့်ဂေါမြို့မြောက်ဘက် မိုင်သုံးဆယ်ကျော်အကွာ ဂန့်ဂေါ-ကလေး လမ်းမပေါ်မှာရှိပြီး အဲ့ဒီရွာ အနီးတဝိုက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေမကြာမကြာ ဖြစ်လေ့ရှိပါတယ်။

ဂန့်ဂေါဒေသကျေးရွာဘက်ကနေ မြို့ပေါ်ကိုလာတဲ့ ပြည်သူတွေကို ဂန့်ဂေါမြို့အဝင် ခ.လ.ရ (၅၀) စစ်ဆေးရေး ဂိတ်ကစစ်ကောင်စီဖွဲ့ဝင်တွေက တင်းတင်းကျပ်ကျပ်စစ်ဆေးပြီး ပြည်သူတွေကိုမိုးရွာထဲ၊ နေပူထဲမှာ မတ်တပ် ရပ်ခိုင်းတာ၊ ရိုက်နှက်တာတွေအပြင် ဖမ်းဆီးသတ်ဖြတ်ပြီး မြစ်သာမြစ်ထဲမျောချတာတွေလုပ်ဆောင်ဖူးတယ်လို့ ဒေသခံတွေကဆိုပါတယ်။

” ဖြစ်နိုင်ရင်မသွားကြပါဘူး၊မလွဲသာမရှောင်သာမှသွားကြတာပါ၊သက်ကြီးရွယ်အိုတွေဆို ဆေးကုဖို့တောင် အများ စုက မသွားကြတော့ဘူး၊သေခါမှသေနေကြတာ၊ဒီလိုနဲ့ ဆေးမကုရလို့သေတဲ့သူတွေလည်း ရွာတိုင်းအနည်းနဲ့ အများရှိကြတာပဲ” လို့ ဂန့်ဂေါဒေသခံတဦးကပြောပါတယ်။