မြင်းမူမြို့မှာ ဦးခေါင်းဖြတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်းတလောင်းတွေ့

ဇွန် ၊ ၁၇

စစ်ကိုင်းတိုင်း၊မြင်းမူမြို့၊မြို့ရှောင်လမ်းမပေါ်မှာ ဦးခေါင်းပြတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်း တ လောင်းကို ဒီကနေ့ မနက်ပိုင်းက တွေ့လို့ သွားရောက်ကူညီသယ်ယူပေးခဲ့ရတယ်လို့ မြို့ခံပရဟိတအဖွဲ့နဲ့ သေဆုံး သူမိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

“အသင်းကို ဆက်သွယ်လာလို့ နယ်ခံရဲစခန်းကို အကြောင်းကြားပြီးသွားရောက်ကူညီခဲ့တာပါ၊သေဆုံး ရုပ်အ လောင်းအနီးမှာပဲ ဦးခေါင်းကို တွေ့ခဲ့တာပါ၊သေဆုံးသူက ကျွန်တော်တို့မြို့ကပါ”လို့ မြင်းမူမြို့ခံ လူမှုကယ်ဆယ် ရေး အဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။

သေဆုံးနေသူဟာ မြင်းမူမြို့ တပင်ရွှေထီးရပ်ကွက်မှာနေထိုင်တဲ့ အသက်(၃၅)နှစ်အရွယ်  ကိုနေဝင်းအောင် ဆိုသူ ဖြစ်ပြီး ဘာကြောင့် အခုလို သေဆုံးနေတယ်ဆိုတာကိုတော့ ဒေသခံတွေကိုယ်တိုင် မပြောနိုင်ကြပါဘူး။

“သူက ယာဉ်မောင်းပါ၊မနေ့ကတည်းက အိမ်ကထွက်သွားတာ၊ဘာကြောင့်အခုလိုဖြစ်တာလဲတော့မသိဘူး၊အ ပေါင်းအသင်းလည်းများတယ်၊လူချစ်လူခင်လည်းပေါတယ်၊လည်ပင်းကို မပြတ်မချင်း ခုတ်ထားတာ ရဲတွေက သင်္ဂြိုလ်ခွင့်ပေးလို့ ဒီနေ့ပဲ သင်္ဂြိုလ်လိုက်ပြီ”လို့ သေဆုံးသူရဲ့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။