ကလေးဝမှာစစ်အုပ်စု စစ်ကြောင်းတိုက်ခိုက်ခံရ၊ ကားနှစ်စီးနဲ့ လက်နက်ခဲယမ်းတွေဆုံးရှုံး

ဇွန် ၊ ၁၇

စစ်ကိုင်းတိုင်း ကလေးဝမြို့ကနေ မင်းကင်းမြို့ကိုထွက်လာတဲ့ အင်အားတရာကျော်ပါစစ်ကောင်စီစစ် ကြောင်းကို PDF တွေကကြားဖြတ်တိုက်ခိုက်ရာမှာ FAW ကားနှစ်စီးပျက်စီးခဲ့သလို လက်နက်ခဲယမ်းတွေလည်းရခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဌာနကထုတ်ပြန်ပါတယ်။ 

FAW ကားသုံးစီးအပါအဝင် စစ်သားတွေနဲ့ပျူစောထီးတွေ စုစုပေါင်း အင်အား ၁၃၀ ကျော်နဲ့ မင်းကင်းမြို့နယ်ဘက်လာတဲ့စစ်ကြောင်းကို မနေ့က မနက်ပိုင်းမှာ ကလေးခရိုင် PDF အမှတ် (၉)တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ကလေးဝမြို့နယ် စခန်းကြီးရွာအနီးမှာ ပြည်သူ့ကာ ကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်က Faw ကားနှစ်စီး ပျက်စီးသွားသလို စိန်ပြောင်းတလက်၊ငါးကြင်းမြှီးစက်သေနတ်ကြီးတလက်၊တိုက်ခိုက်ရေးသေနတ် လေးလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျ ဆုံးမှုကိုစိစစ်နေဆဲ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့အထိအခိုက်မရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။