တိုက်ခိုက်ဖျက်ဆီးခံခဲ့ရတဲ့ ညောင်ပင်ကြီးရဲစခန်းကို တိုးချဲ့ပြီး အခိုင်အမာဆောက်လုပ်ဖို့ စစ်ကောင်စီ ကြိုးစားနေ

 

ဇွန် ၊ ၁၇

တော်လှန်ရေး အင်အားစုတွေက ဝိုင်းဝန်းတိုက်ခိုက်ပြီး စီးနင်းဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာရဲစခန်းကို စစ်ကောင်စီက မူလထက်တိုးချဲ့ပြီး အခိုင်အမာ ပြန်လည်တည်ဆောက်ဖို့ ကြိုးစား နေတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။

“ကားတွေနဲ့လက်ခံသယ်ယူနေတာ၊ဘိလပ်မြေ၊အုတ်၊သဲကျောက်နဲ့တိုင်အကြီးစားတွေပါတော့အခိုင်အမာ ဆောက် မယ်လို့ယူဆရတယ်၊အတွင်းသတင်းတခုအရ ဝမ်ပေါင်တရုတ်ကုမ္ပဏီကနေပြီးတော့ ညောင်ပင်ကြီးအထိ လမ်း ဖောက်ဖို့အစီအစဥ်အရင်က တည်းကရှိတယ် ကြားတယ်”လို့ အဲ့ဒီမြို့နယ်အခြေစိုက် Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးတပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီဟာ မုံရွာမြို့ဘက်ကနေ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို စက်လှေအကြီးစားတွေ၊ဇက်တွေနဲ့ပါ သယ်ယူနေ တာဖြစ်ပြီး ဆားလင်းကြီးမြို့ဘက်ခြမ်းကနေ ဖောကားတွေနဲ့ပြန်လည်သယ်ဆောင်နေတာလို့ ဆိုပါ တယ်။

ညောင်ပင်ကြီးကျေးရွာ ရဲစခန်းဟာ မုံရွာမြို့နဲ့  ချင်းတွင်းမြစ်သာခြားသလို တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီက လုပ်ကိုင် နေတဲ့ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနယ်မြေနဲ့လည်း လယ်ကွက်တချို့သာခြားပြီး တဆက်တည်းရှိနေ တာဖြစ်ပါတယ်။

ဒါ့အပြင် ညောင်ပင်ကြီးရဲစခန်းဟာ ချင်းတွင်းမြစ်တဖက်ကမ်း မုံရွာမြို့ အခြေစိုက် စစ်ကောင်စီရဲ့ အနောက် မြောက်တိုင်းစစ်ဌာနချုပ် နမခ နဲ့ အနီးဆုံးမှာရှိနေတဲ့ ရဲစခန်းလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲ့ဒီညောင်ပင်ကြီး ရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက ဇွန်လ ကိုးရက်က စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၂ဦးသေဆုံးကာ လက်နက်ခဲယမ်းနဲ့ ငွေသားကျပ်သိန်းတရာကျော်ကိုလည်း သိမ်းဆည်းနိုင် ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရဲစခန်းတခုလုံးနီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထား တာ ပါ။

ဒီလို တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မုံရွာဘက်ကနေ စစ်အင်အားတွေဖြည့်တင်းကာ ညောင်ပင်ကြီးရဲ စ ခန်းအနီးတဝိုက်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊စစ်ကြောင်းထိုးတာတွေလုပ်ခဲ့တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရသလို ဖမ်းဆီးခံရသူတွေလည်းအများအပြားရှိနေပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ရဲစခန်းပြန်လည်ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ စေခိုင်းနေ တယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ညောင်ပင်ကြီးရဲစခန်းကို ပြန်လည်တည်ဆောက်ဖို့ကြိုးစားနေပေမယ့် ရတဲ့နည်းလမ်း တွေနဲ့ တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမှာဖြစ်ပြီး လက်နက်ခဲယမ်းလိုအပ်ချက်တွေတော့ ရှိနေတယ်လို့ Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

photo social media