မေမြို့အိမ် စားသောက်ဆိုင်ပိုင်ရှင် မပိုပြည့်သူကို စစ်တပ်က ထောင် အနှစ်လေးဆယ်ကျော်ချ

ဇွန်၊ ၁၁
 
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် မေမြို့အိမ် စားသောက်ဆိုင်ပိုင်ရှင် မပိုပြည့်သူကို စစ်အုပ်စုရဲ့ လက်အောက်ခံတရားရုံးက ဒီလ ၉ ရက်နေ့မှာ အကြမ်းဖက်မှုနဲ့ ထောင် ၁၅ နှစ် ထပ်မံချမှတ်ခဲ့ပြီး စုစုပေါင်း ထောင် ၄၃ နှစ်အထိ ချမှတ်ထားတယ်လို့ မေမြို့အိမ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မပိုပြည့်သူကိုတော့ စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေအပြင် ပုဒ်မ ၇ ခုနဲ့ ထောင် ၂၈ နှစ်အထိ ကနဦးချမှတ်ထားပါတယ်။ အခုမေလ ၉ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ညနဲ့ ထောင် ၁၅ နှစ် ထပ်ချလိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၄၃ နှစ်အထိကျခံထားရတာဖြစ်ပါတယ်။
“ ဒီလ ၉ ရက်နေ့က ထောင် ၁၅ နှစ်ထပ်ချလိုက်ပါတယ်။ မကွေးထောင်ကို ပို့မယ်လို့တော့ ကြားတယ်။ အခုလောလောဆယ် လမ်းကြောင်းအခြေနေ ကြည့်ပြီးမှ ပို့မှာပေါ့ “ လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူက DNA ကိုပြောပါတယ်။
ပရဟိတသမားတဦးလည်းဖြစ်သလို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လေ့ရှိတဲ့ မပိုပြည့်သူကို အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလထဲမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ သူမကို မန္တလေးအကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။
“ သူက အစာအိမ်မကောင်းဘူးလေ။ အဲတော့ ဆေးတွေတော့ ပို့ပေးနေရတယ်လို့ သိရတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ် “ လို့ သူမနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရေးအသင်း (AAPP) က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အာဏသိမ်းပြီးချိန်ကနေ အခုဇွန်လ ၉ ရက်နေ့အထိ ဖမ်းဆီးခံရသူပေါင်း ၂၃၂၉၉ ဦး ရှိခဲ့ပြီး ၁၈၉၆၈ ဦးက ထိန်းသိမ်းခံထားရပါတယ်။
 
ဓာတ်ပုံ – Social Media