ဆွေးနွေးပွဲအပြီး ကျေးရွာအလံနဲ့ဆိုင်းဘုတ်တွေဖျက်စီးခံရတဲ့အပေါ် TNLA ဘာပြောလဲ

ဇွန် ၊ ၁၁

ရှမ်းပြည်နယ်၊ လားရှိုးမြို့အတွင်းရှိ တအာင်းကျေးရွာ () ရွာက တအာင်းအလံ၊ တအာင်းစာပေတွေနဲ့ ပြုလုပ်ထားတဲ့ ကျေးရွာအဝင်ဆိုင်းဘုတ်တွေကို  အခုရက်ပိုင်းမှာပဲ စစ်ကောင်စီတပ်က ဘိုဒိုဇာနဲ့ လိုက်လံဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောဆိုကြသလို (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ကလည်းထုတ်ပြန်ထားပါတယ်။

  “ကျမတို့ စုံစမ်းရသလောက်က စစ်တပ်တွေက ကျေးရွာတွေထဲ ဝင်ပြီးတော့မှ ဆိုင်းဘုတ်တွေကို ဖျက်စီးတာပေါ့လေ။ ဒီဘက်မှာလည်း သူတို့က စစ်ရေးတိုးချဲ့တဲ့ အပိုင်းတွေ ရှိသလို ကျေးရွာတွေ ဝင်ပြီးတော့ စစ်ဆေးတာတွေတော့ ရှိလာတယ်ပေါ့လေ။ မိုင်းလားက တွေ့ဆုံဆွေးနွေးပွဲ မအောင်မြင်တာကြောင့်လည်း တစုံတရာတော့ ပါမှာပေါ့လေ။ အတိအလင်းတော့ မပြောနိုင်သေးဘူးပေါ့လေလို့ TNLA/PSLF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံတဦးက ပြောပါတယ်။

 ရှမ်းပြည်နယ်၊ လားရှို့မြို့နယ်အတွင်းက တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ တပ်မဟာ () စစ်ဒေသအတွင်းက တအာင်းကျေးရွာ () ရွာမှာ တအာင်းအလံသင်္ကေတနဲ့ တအာင်းစာပေတွေနဲ့ ပြုလုပ်ထားတဲ့ ကျေးရွာအဝင် ဆိုင်းဘုတ်တွေကို စစ်ကောင်စီတပ်က ဇွန်လ ရက်နံနက်က ဘိုဒိုဇာနဲ့ လိုက်လံဖျက်ဆီးခဲ့တယ်လို့ လည်းဆက်သိရပါတယ်။

ရွာအဝင်ဆိုင်းဘုတ် ဖျက်ဆီးခံရတဲ့ ကျေးရွာတွေဟာ လားရှိုးမြို့နယ်အတွင်းက တောင်တလောင်ကျေးရွာ၊ နောင်ယုံကျေးရွာ၊ ရွာသစ်ကျေးရွာ၊ တောင်နောင်ကျေးရွာ နဲ့ ကောင်းခါးကျေးရွာတို့ ဖြစ်တယ်လို့ သိရပါတယ်။

 စစ်ကောင်စီတပ်က အဲဒီကျေးရွာဆိုင်းဘုတ်တွေဟာ သူတို့ ခွင့်ပြုချက် မရဘဲ တအာင်းစာပေနဲ့ တအာင်းအလံကို အသုံးပြုပြီး လုပ်ထားတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ TNLA က ယမန်နေ့က ထုတ်ပြန်ထားပါတယ်။

 အဲဒီကျေးရွာတွေဘက်မှာ ခွင့်ပြုမိန့် မရရှိဘဲ ထပ်မံဆောက်လုပ်မှု မပြုတော့ရန် ခံဝန်ကတိပြုစေပြီး ထပ်မံဆောက်လုပ်ပါက ထိရောက်စွာအရေးယူသွားမယ်လို့ စစ်ကောင်စီတာဝန်ရှိသူတွေက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

 အဲဒီဖျက်စီးခံရတဲ့ ကျေးရွာဆိုင်းဘုတ်တွေဟာ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ပြုလုပ်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်က အခုမှ လာရောက်ဖျက်စီးသွားခဲ့တာလို့ သိရပါတယ်။

 တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ()ဖွဲ့တို့ဟာ ဇွန်လ အစောပိုင်းက ရှမ်းပြည်နယ်၊ အထူးဒေသ () မိုင်းလာမှာ ()ရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့ကြပါတယ်။

 ဒါပေမယ့် နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲဟာ ဇွန်လ () ရက်နဲ့ () ရက်အထိတာ တွေ့ဆုံခဲ့ကြပြီး တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ဘဲ ပြီးဆုံးခဲ့သလို နှစ်ဖက်တွေ့ဆုံဆွေးနွေနေစဉ်မှာ စစ်ကောင်စီနဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်ကိုးကန့် (MNDAA)တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပါတယ်။

 ပြီးခဲ့တဲ့ ဇွန်လ ရက်ကလည်း နိုင်ငံတကာကူညီကယ်ဆယ်ရေးတွေနဲ့ လူမှုအဖွဲ့အစည်းတွေ အားလုံးကို ရခိုင်ပြည်နယ်အတွင်း သွားလာခွင့်နဲ့ ကူညီခွင့်ကို စစ်ကောင်စီက ရပ်ဆိုင်းတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

 စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ()ဖွဲ့မှာ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA/PSLF) ရက္ခိုင်တပ်တော် (AA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်ကိုးကန့် (MNDAA)တို့ ဖြစ်ပါတယ်။