ကျောက်တံတား အခွန်ရုံးကိုဖောက်ခွဲခဲ့သူငါးဦးကိုဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်လာ

ဇွန် ၊ ၁၁

ရန်ကုန်တိုင်း၊ကျောက်တံတားမြို့နယ်၊ပန်းဆိုးတန်းလမ်းကပြည်တွင်းအခွန်များဦးစီးဌာရုံးကိုဖောက်ခွဲတိုက်ခိုက်သူ ၅ဦးကိုဖမ်းမိတယ်လို့ စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၁၁ ရက်မှာထုတ်ပြန်ကြေညာလာပါတယ်။

 ပြီးခဲ့တဲ့ဇွန်လ ၅ ရက်နေ့က အခွန်ဦးစီးရုံးရဲ့ တတိယအထပ်မှာပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ပြည်တွင်းအခွန်ဦးစီးရုံးက ဒုဦးစီးမှုးအပါအဝင်ငါးဦးဒဏ်ရာရခဲ့တယ်လို့လည်း မျက်မြင်တွေ့သူတွေကအတည်ပြုပြောထားပါတယ်။

 ဒီကနေ့မှာတော့စစ်ကောင်စီဟာအခွန်ရုံးကိုဖောက်ခွဲခဲ့သူတွေကိုရန်ကုန်ကြည့်မြင့်တိုင်မြို့နယ်ကတိုက်ခန်းနေအိမ်ကိုရှာဖွေရာကနေ ဆက်စပ် ဖမ်းဆီးရမိတာဖြစ်ကြောင်းနဲ့ဖောက်ခွဲသူတွေဟာ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ Brave Eagles(UG) အဖွဲ့တွေဖြစ်ကြောင်း စွပ်စွဲထုတ်ပြန်လာပါတယ်။

 မြို့ပြပျောက်ကြားလူငယ်တွေ ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ပတ်သက်လို့  ရန်ကုန်အခြေစိုက် တော်လှန် ရေးအင်အားစုတွေကလည်း အတည်ပြုပြောဆိုထားပါတယ်။

 ကြည့်မြင်တိုင်မြို့နယ် တန်ဆောင်းကြီးလမ်းမှာ ဇွန်လ ၈ ရက် နေ့လယ်ပိုင်းက ရန်ကုန်အခြေစိုက် UG အဖွဲ့ တခု ဖြစ်တဲ့ Brave Eagles အဖွဲ့ဝင် ကိုအောင်မြင်ဆိုသူဖမ်းဆီးခံရပြီးနောက် ကွင်းဆက်လိုက်ဖမ်းဆီးမှုတွေကြောင့် အဲ့ နောက်ထပ်အဖွဲ့ဝင်လေးဦးအထိဆက်တိုက် ဖမ်းဆီးခံရတာလို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ကိုပီတာက DNA ကိုအတည်ပြုပြောဆိုထားတာဖြစ်ပါတယ်။

 လက်ရှိမှာတော့ စစ်ကောင်စီဖက်က Brave Eagles(UG)အဖွဲ့နဲ့ချိတ်ဆက်မှု့ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့အဖွဲ့ဝင် တွေကို လိုက်လံချိတ်ဆက်ပြီးဖမ်းဆီးဖို့ဆက်လက်ကြိုးစားနေတဲ့အတွက် ချိတ်ဆက်မှုရှိထားသူတွေအနေနဲ့ တိမ်း ရှောင်ကြဖို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက သတိပေးနေကြပါတယ်။

 ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ အခုလအတွင်း ဆက်တိုက်ဖမ်းဆီးခံနေရပြီးအခုလဆယ်ရက်တာကာလအတွင်းဆိုရင် စုစုပေါင်း ၁၀ဦးထက်မနည်းရှိနေပြီလို့ ရန်ကုန်အခြေစိုက်တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။