သထုံမှာစစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၊ယာဉ်တန်းနောက်က ကပ်ပါလာတဲ့ ဒေသခံအမျိုးသားနှစ်ဦးဒဏ်ရာရ

ဇွန်၊ ၆

မွန်ပြည်နယ်၊ သထုံမြို့နယ်ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီ ယာဉ် တန်း ကို မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးအဲ့ဒီယာဉ်တန်းနောက်မှာ ကပ်ပါလာတဲ့ ဆိုင်ကယ်စီးအရပ်သားနှစ်ဦးမိုင်းစထိမှန် ဒဏ် ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သူတို့နှစ်ယောက်က ဆိုင်ကယ်စီးလာတာ၊ ကမာစိုင်ဘက်မှာဘဲ ဖြစ်သွားတာ၊ စစ်ကားတွေလာတာ၊ အဲ့မှာ စစ် ကားတွေကို မိုင်းဆွဲ တာထင်တယ်၊ မိုင်းဆွဲတော့ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက်ကလည်း မိုင်းစတွေ ထိမှန် သွားတာဖြစ်မယ်” လို့ ကမာစိုင်ကျေးရွာ ဒေသခံတဦးက DNA ကို ပြောပါတယ်။

 သထုံမြို့နယ် ကမာစိုင်ကျေးရွာနဲ့ ကလိကျွန်းကျေးရွာအကြား ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ဘီးလင်းက နေ သထုံဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို အမည်မသိအဖွဲ့တခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ချိန်မှာ စစ်ကောင်စီယာဉ်တန်းအနောက်ကနေ ဆိုင်ကယ်နဲ့ ကပ်လိုက်မောင်းနှင်လာတဲ့ အမျိုး သားနှစ်ဦးကို မိုင်းစထိမှန်ခဲ့တာလို့သိရပါတယ်။

 မိုင်းစထိမှန်ခဲ့သူနှစ်ဦးဟာ ကမာစိုင်ကျေးရွာနေ ဦးခိုင်ထွန်းနဲ့ ဦးဖားထေးတို့ဖြစ်ကြပြီး သူတို့နှစ်ဦးရဲ့ ဝမ်းဗိုက် တွေမှာ ယမ်းစဖောက်ထွင်းဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဗိုက်ထဲကို မိုင်းစတွေ ဝင်သွားတာ၊ ဆိုင်ကယ်မှောက်တဲ့ဒဏ်ရာတော့ရသွားတယ်၊အသက်အန္တရာယ်တော့ မစိုး ရိမ်ရဘူး၊ခုဆေးရုံ ကို ပို့ထားတယ်ပြောတယ်” လို့သထုံမြို့နယ်လူမူကူညီရေးအသင်း အဖွဲ့ဝင်တဦးက ပြောပါ တယ်။

ဒီတိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိသေးပေမယ့် အဲဒီနေရာဟာ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မကြာ ခဏမိုင်းဆွဲတိုက်ခိုက်လေ့ရှိတဲ့နေရာတခုလည်း ဖြစ်ပါတယ်။

သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းကတော့ “ မိုင်းဆွဲတာတော့၊ ပူးပေါင်းအဖွဲ့လုပ်တာတော့ ဟုတ် တယ်၊ သူတို့ ယာဉ်တန်းကတော့ များတယ်လို့ ပြောတယ်၊ ထိခိုက်မှုအခြေအနေကို ကျွန်တော်တို့ဆီ မတင်ပြ လာရသေးဘူး” လို့ ပြောပါတယ်။

သထုံမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးကတော့ ဒီကနေ့ မနက်ပိုင်းမှာ ဘီးလင်းဘက်ကနေ သထုံဘက်ကို စစ်ကူနဲ့ ရိက္ခာလာပို့တဲ့ ယာဉ်တန်းတွေ လမ်းမှာ ခြုံခိုတိုက်ခိုက်ခံရတာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမရှိဘူးလို့ ဆိုပါတယ်။