ဖယ်ခုံမှာ လက်နက်မဲ့ထွက်ပြေးလာတဲ့စစ်သားသုံးဦးကိုPDF က ဖမ်းဆီးစစ်ဆေးနေ

ဇွန် ၊ ၃

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မဲ့ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးကို ဖယ်ခုံမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဖယ်ခုံမြို့နယ်၊ရွှေဆန်းကျေးးရွာအနီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)လက်အောက်ခံ လွိုင်လင်လေး အ ခြေစိုက် ခမရ (၅၃၀)တပ်ရင်းက လက်နက်မဲ့ထွက်ပြေးလာတဲ့ တပ်သားသုံးဦးကို ဖယ်ခုံပြည်သူ့ကာကွယ်ရေး တပ်က ဖမ်းဆီးထိန်းသိမ်းထားတာလို့ဆိုပါတယ်။

အဲဒီတပ်သား သုံးဦးကို ဖယ်ခုံမြို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက လိုအပ်တဲ့ အ ချက်အလက်တွေကို မေးမြန်းစစ်ဆေးနေဆဲဖြစ်တယ်လို့ NUG အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ဆိုပါတယ်။

ကရင်နီ(ကယား)ပြည်နယ်အတွင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီဟာ လေကြောင်း တိုက် ခိုက်မှုနဲ့လက်နက်ကြီး ပစ်ကူ အလွန်အကျွံသုံးစွဲပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပေမယ့် ထိခိုက်ကျဆုံး များပြီး အထိနာနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်လိုစိတ်နည်းလာတယ်လို့NUG ကာကွယ် ရေးဝန်ကြီးဌာနကဆိုပါတယ်။

ရှေ့တန်းစစ်မျက်နှာတွေမှာ ထိခိုက်ကျဆုံးမှု များတာ၊ အနားမရတာ၊ နောက်တန်းဌာနချုပ်တွေမှာပါ လုံခြုံမှု မရှိ တာ စတဲ့ အခြေအနေတွေကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်လိုစိတ်လျော့နည်းလာပြီး တပ်ကို စွန့်ခွာထွက်ပြေးမှုတွေ ရှိနေတာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်း လွယ်ဟွဲနဲ့ လွယ်လုံ၊ ခေါင်းအိနဲ့ စက်တော်ရွာ၊ လတူးရွာစတဲ့ နေရာတွေကတဆင့် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းနဲ့ ဧပြီလကနေ ဒီကနေ့အထိ ထိုးစစ်ဆင်နေရာမှာ အရာရှိ၊ စစ် ကြောင်းမှူးအပါအဝင် ၆၂ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံ-PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာ အထိနာတဲ့ စစ်ကောင်စီဟာ ဖယ်ခုံမြို့ စကခ(၇) နဲ့ ၃၃၆ တပ်တွေကနေ လက်နက်ကြီး ပစ်ကူ တွေ ပေးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

နှစ်လတာအတွင်း ဖယ်ခုံမြို့ အနောက်ခြမ်းက တိုက်ပွဲတွေမှာ ဖယ်ခုံ – PDF နဲ့ KNDF တို့က တပ်ဖွဲ့ဝင်သုံး ဦး ကျ ဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ဒေသတွင်း စစ်ရေးအခြေအနေတွေနဲ့ ဖမ်းဆီးထားတဲ့ စစ်ကောင်စီ တပ် သား သုံးဦးရဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ဖယ်လုံPDF ကို DNA က ဆက်သွယ်ပေမယ့် အ ဆက် အသွယ်မရပါဘူး။

ဖယ်ခုံမြို့နယ်အတွင်းက တိုက်ပွဲတွေမှာ KNDF ၊ PDF- လွိုင်ကော်၊ ဖယ်ခုံ – PDF၊ ဒီးမော့ဆို – PDF၊ ဒီးမော့ဆို Local- PDF၊ မိုးဗြဲ- PDF၊ နေပြည်တော် – PDF၊ အလယ်ပိုင်း အထူးတပ်ဖွဲ့၊ KRU နဲ့ ပြည်သူကာကွယ်ရေးတပ်ရင်း တွေဟာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေကို ပြန်လည်ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်း စစ်မျက်နှာအများအပြား ဖွင့်ထားရတာ ကြောင့် နယ်မြေအများအပြားကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ ဆိုထားပါတယ်။