မုံရွာမြို့က အလှကုန်ဆိုင် ဓားပြတိုက်ခံရ၊ ငွေသားကျပ်သိန်းခုနစ်ရာကျော်နဲ့ ဆိုင်ထဲရှိနေသူတွေဆီက ရွှေထည်တွေ ဆုံးရှုံးတယ်လို့ဆို

မေ၊ ၂၂

 စစ်ကိုင်းတိုင်း၊မုံရွာမြို့၊ပွဲစားတန်းလမ်းရှိ ငွေဇာလှိုင်း အလှန်ကုန်နဲ့စတိုးဆိုင်မှာ ဒီကနေ့ နေ့လယ် ၁၂နာရီ ဝန်း ကျင်ကဓားပြတိုက်မှုဖြစ်ခဲ့ပြီး ငွေသားကျပ်သိန်းခုနစ်ရာကျော်နဲ့ ဆိုင်ထဲမှာရှိနေတဲ့ ဆိုင်ရှင်နဲ့ဝန်ထမ်းတွေရဲ့ ရွှေ ထည်လက်ဝတ်ရတနာတွေကိုပါ ယူသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

“ကောင်မလေးတယောက်က အရင်ဝင်လာပြီး ဈေးဝယ်မလိုလုပ်ပြီးမှ အပြင်ကသူနဲ့အတူပါလာတဲ့ ကောင်လေး တွေကို လှမ်းခေါ်တာ၊ ဆိုင်ထဲရောက်မှ သေနက်တွေထုတ်ချိန်ပြီး ပိုင်ရှင်ကို အကြပ်ကိုင်တာ၊ ဆိုင်မှာရှိသမျှ ငွေ အားလုံးနဲ့ရွှေထည်ပစ္စည်းတွေနဲ့လက်ဝတ်ရတနာအားလုံးပါယူသွားကြတာ”လို့ ဓားပြတိုက်မှုဖြစ်ခဲ့တဲ့ ရပ်ကွက်အ တွင်းမှာနေထိုင်သူ တဦးက DNA ကိုပြောပါတယ်။

ဆိုင်ကယ်သုံးစီးနဲ့ရောက်လာပြီး သေနတ်နှစ်လက်အပါအဝင် ဓားတွေလည်းကိုင်ဆောင်ထားကြတဲ့ အမျိုးသား သုံးဦး၊အမျိုးသမီးတဦးပါဝင်တဲ့ လူတစုက ဓားပြတိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

“သေနတ်တွေနဲ့ဆိုတော့ ဘယ်သူမှ အနားမကပ်ရဲဘူး သေနတ်အရှည်ကို ဖွက်ယူလာတာဖြစ်မယ်၊ သူတို့လိုချင် တာအကုန်ယူပြီး လမ်းမကြီးအတိုင်း မောင်းထွက်သွားတယ်၊လူတွေကိုတော့ဘာမှလုပ်မသွားပါဘူး”လို့ မုံရွာမြို့ခံ တဦးကပြောပါတယ်။

ဓားပြတိုက်မှုဖြစ်ပြီးနောက် နေ့လယ် တနာရီလောက်မှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ရောက်လာ ကာ ဆိုင်မှာရှိနေသူတွေအားလုံးကို စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီး ပြန်သွားကြတယ်လို့သိရပါတယ်။

 စစ်အာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ ဓားပြတိုက်မှု၊လုယက်မှုနဲ့ အနုကြမ်းစီးမှုတွေမကြာခဏဖြစ်နေပြီး ဖြစ်စဉ် အများစုမှာ တရားခံကို ဖမ်းမိတာမရှိဘူးလို့ ဒေသခံတွေကပြောကြပါတယ်။

 မုံရွာမြို့တွင်းမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ ပြန်ပေးဆွဲမှုပေါင်း ၂၀ကျော်ဖြစ်ခဲ့ပြီး အဲ့ဒီ အထဲကခြောက်မှုကို မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဖော်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်မုံရွာမြို့နယ် ပလဖ အဖွဲ့ စတင်ဖွဲ့စည်းချိန်ကနေစတင်ပြီး ဒီကနေ့အချိန်ထိ ဆယ်လအတွင်း ဒုစရိုက်မှုကျူးလွန်သူ (၅၀)ဦး ဝန်းကျင်ကို ဖမ်းဆီးထိန်းသိမ်းအရေးယူထားတယ်လို့လည်း အဖွဲ့ခေါင်းဆောင် ကိုလီယိုကDNAကို ပြောထား ပါတယ်။

မုံရွာမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်ဩဂုတ်လကနေ အခုနှစ်ဇန်နဝါရီလကုန်အထိ ခြောက်လအတွင်း မှုခင်းဖြစ်ရပ် သုံးရာ ဖြစ်ခဲ့ပြီး ဒီအထဲမှာ ဓားပြမှု (၂၁)မှုအထိပါဝင်တယ်လို့ ဥပဒေရေးရာနဲ့ အမျိုးသမီးတွေအကြမ်းဖက်ခံ ရမှု တွေကိုကူညီပေးနေတဲ့ပဥ္စမမဏ္ဍိုင်အဖွဲ့ကစောင့်ကြည့်မှတ်တမ်းတင်ထားတဲ့အချက်အလက်တွေအရသိရပါတယ်။