ပုပ္ပါးတောင်ကလပ်နားက တရုတ်ပိုက်လိုင်းစောင့်တဲ့ စစ်အုပ်စုရဲတွေ တိုက်ခိုက်ခံရလို့ လေးဦးသေ

မေ၊ ၂၁

မန္တလေးတိုင်း ၊ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ကလပ်နားက ရွှေဖီတိုင်ကျေးရွာနားရှိ တရုတ်ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်တဲ့ စစ်အုပ်စုရဲတွေ ဒီကနေ့ မနက်အစောပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့လို့ လေးဦးသေဆုံးသွားတယ်လို့ အဲဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ မြင်းခြံ 22 Gurilla Force အဖွဲ့က တာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။

ဒီကနေ့ မနက် ၅ နာရီခွဲလောက်မှာ တရုတ်ပိုက်လိုင်းကို စောင့်နေတဲ့ စစ်အုပ်စုရဲ ဆယ်ဦးလောက်ရှိတဲ့ အဲဒီစခန်းကို တိုက်ခိုက်ရမှာ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကျော်ကြာရှိခဲ့သလို မျက်မြင်တွေ့ရှိချက်အရ လေးဦးသေဆုံးပြီး ထိခိုက်တာတွေရှိခဲ့တယ်လို့ သူကဆိုပါတယ်။

” အဲဒီစခန်းရဲ တဝက်ကျော်လောက်ကို ကျနော်တို့ စီးနင်းနိုင်ခဲ့တယ် ။ဒါပေမယ့် တပ်ကူလာတာရယ် ကျနော်တို့မှာ ပါတဲ့ ၄၀ မမ နှစ်လက်ကလည်း အဲ

ရာတက်ပြီး သုံးမရခဲ့တာကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်လိုက်ရတယ်။ အနီးကပ် ပစ်ခတ်တာဆိုတော့ သူတို့ဆီက စက်လက်သမား နှစ်ကောင်ဖြုတ်လိုက်နိုင်တယ်။ ဘန်ကာအတွင်းထဲက ခံပစ်နေလို့ အကုန်မသေတာပေါ့။ အခုတော့ ကျောက်ပန်းတောင်းမှာ ဆေးကုနေတယ်ကြားတယ် ” လို့ သူကဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံ 22 Gurilla Force အပါအဝင် မြင်းခြံမြို့အခြေစိုက် ပျောက်ကြားတပ်ဖွဲ့ နဲ့ ညောင်ဦးအခြေစိုက်ပျောက်ကြားတပ်ဖွဲ့  စုစုပေါင်းလေးဖွဲ့က အင်အား ၁၆ ဦးနဲ့ စစ်အုပ်စုရဲ့စခန်းကို တိုက်ခိုက်ခဲ့ပြီးအထိအခိုက်မရှိဆုတ်ခွါနိုင်ခဲ့တယ်လို့ပြောပါတယ်။

စစ်အုပ်စုရဲဖက်က လေးဦးသေပြီးဒဏ်ရာရသူတွေရှိပေမဉ့်ဘယ်လောက်ဒဏ်ရာရတယ်ဆိုတာမသိရဘူးလို့လည်းဆက်ပြောပါတယ်။

အာဏာသိမ်းစစ်အုပ်စုက တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီမှုတွေကတဆင့် နိုင်ငံရေးပြဿနာတွေကို ပါဝင်လာနိုင်တဲ့အတွက် အခုလို တရုတ်ရဲ့ အကျိုးစီးပွားဖြစ်တဲ့ ပိုက်လိုင်းစောင့် စစ်အုပ်စုတွေကို တိုက်ခိုက်တာလို့ သူကပြောပါတယ်။

” အဲစခန်းမှာ အခုအင်အားတိုးချထားတယ်ကြားတယ်။ စခန်းရှေ့က လမ်းကိုလည်း ပိတ်လိုက်တယ်။ စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်နေတယ်ကြားတယ်။ တရုတ်နဲ့ စကစ အခုတလောပူးပေါင်းလုပ်နေတဲ့ စာချူပ်ကို ကျနော်တို့ မလိုလားလို့ မြန်မာနိုင်ငံရေးကို တရုတ်ဝင်ရောက်နေတာကို လက်မခံနိုင်လို့ တိုက်ခဲ့တာပါ။ စခန်းကို သိမ်းနိုင်တယ်ဆိုရင် ကျနော်တို့က အဲနေရာကို လုံးဝဖျက်ဆီးပစ်မှာပါ ” လို့ သူကဆိုပါတယ်။

တရုတ်ပိုက်လိုင်းစောင့်တဲ့ စစ်အုပ်စုတိုက်ခိုက်ခံရမှုခြေနေနဲ့ ပက်သက်ပြီး စစ်အုပ်စုဖက်က နှုတ်ဆိတ်နေသလို DNA က ထိခိုက်သေဆုံးမှုခြေနေတွေကို အသေးစိပ်မသိရသေးပါဘူး။

အဲဒီတရုတ်ရေနံနဲသဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ရခိုင်ပြည်နယ်၊ကျောက်ဖြူကနေ မကွေးနဲ့မန္တလေးတိုင်းတို့ကို ဖြတ်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းကတဆင့်တရုတ်နိုင်ငံ၊ကူမင်းမြို့အထိဆက်သွယ်ထားတာပါ။

ဒီလ ၈ ရက်တုန်းကလည်း နွားထိုးကြီးမြို့အရှေ့ဖက်မှာ ရှိတဲ့ တရုတ်ပိုက်လိုင်းကို စောင့်နေတဲ့ စစ်အုပ်စုကို နွားထိုးကြီးမြို့အခြေစိုက် ပျောက်ကြားတပ်တွေက တိုက်ခိုက်ခဲ့လို စစ်အုပ်စုဖက်က ထိခိုက်သေဆုံးတာတွေရှိခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းချိန်ကနေပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊အောက်တိုဘာလ ၃၁ ရက်အထိတရုတ်-မြန်မာစီးပွားရေးစင်္ကြန်ဒေသစီမံကိန်းတွေအကောင်အထည်ဖော်ဖို့စီစဉ်ထားတဲ့ပြည်နယ်နဲ့တိုင်းရှစ်ခုက မြို့နယ် ၄၃ ခုမှာတိုက်ပွဲပေါင်း ၃၀၁ ပွဲထက်မနည်းဖြစ်ခဲ့တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP-Myanmar ကဒီလဆန်းထုတ်ပြန်ပါတယ်။

ဒါပေမယ့် တရုတ်စီမံကိန်းကြီးတွေနဲ့စီးပွါးရေးစကြင်္န်ဖြတ်သန်းသွားမယ့်မြို့နယ်တွေမှာတိုကိပွဲဖြစ်တာနည်းပါးပြီး တိုက်ပွဲ၄၈ပွဲသာ ဖြစ်ပွါးတယ်လို့အဲဒီသုတေသနအဖွဲကအစည်းရဲ့ ထုတ်ပြန်ချက်မှာဆိုပါတယ်။