မုန်တိုင်းကြောင့် အိန္ဒိယ-မြန်မာနယ်စပ်က ချင်းစစ်ရှောင်စခန်းလေးခုပျက်စီး

မေ၊ ၁၇

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံနေတဲ့ မတူပီဒေသခံ ချင်း စစ်ရှောင်စခန်းလေးခု ထိခိုက်ခဲ့ပြီး ဘုရားကျောင်းတွေအပါအဝင် နေအိမ် တရာလောက်ပျက်စီးသွားတယ် လို့ Matupi Chin Refugee Community (MCRC)  တာဝန်ရှိသူ တဦးက DNAကို ပြောပါတယ်။

“အမိုးအကာတွေ အကုန်လန်ကုန်တာ၊ လုံးလေခရိုင်ထဲက ခိုင်ဇောင်ကမ့်ရော၊ ပြီးတော့ကာနာန်ကမ့်တို့ကျ တော့ အမိုးလန်တာတင်မကဘူး။ သစ်တိုင်သေးသေးလေးတွေနဲ့ ဝါးထရံကာလေးတွေဆိုတော့ ပိုထိခိုက် ပျက်စီး တာ ပေါ့လေ၊အဲဒါသူတို့ကို မြို့ဘက်က ခန်းမတခု၊ ကျောင်းတခုမှာပဲ စုပြီးတော့ ထားတယ်၊သက် ကြီးရွယ်အိုနဲ့ ကလေး တွေက အများကြီးကိုပါတယ်၊ခိုင်ဇောင်ကမ့်ထဲမှာဆိုရင် ၇၀ ကျော်၊ ၉၀ ကျော်တွေ တောင် ပါတယ်” လို့ သူက ပြောပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုယမ်ပြည်နယ်၊ လုံးလေခရိုင်ထဲက ခိုင်ဇောင် စစ်ရှောင်ဒုက္ခသည်စခန်းဟာ လူထောင်ဂဏန်းရှိတဲ့ စစ်ရှောင်စခန်းတခုဖြစ်ပြီး အဲဒီမှာ ဘုရားကျောင်း နှစ်ကျောင်းအပါအဝင် နေအိမ် ၅၆ လုံးပျက်စီးတဲ့အတွက် လူဦး ရေ (၁၃၀)နီးပါးအခက်အခဲတွေ ကြုံနေကြတယ်လို့သိရပါတယ်။

လောင်တလိုင်ခရိုင်ထဲက ကာနာန်းစစ်ရှောင်စခန်းမှာတော့ နေအိမ် ၃၀ လုံးပျက်စီးတဲ့အတွက် လူဦးရေ ၈၉ ဦး အ ခက်ကြုံနေရပြီး ဗဲန်ပွီးစစ်ရှောင်စခန်းက နေအိမ်ရှစ်လုံးပျက်စီးကာ လူဦးရေ ၃၄ ဦး အခက်အခဲတွေ ရင်ဆိုင် နေ ရပါတယ်။

ဒါ့အပြင်ရှားဟာခရိုင်ထဲက တွီပန်စစ်ရှောင်စခန်းမှာ ဘုရားကျောင်း တကျောင်းနဲ့ နေအိမ်နှစ် လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။အဲဒီစစ်ဘေးရှောင်စခန်းတွေဟာ ချင်းပြည်နယ်၊ မတူပီမြို့နယ်က စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ စခန်းတွေဖြစ်ပါတယ်။

အဲဒီစခန်းတွေဟာ အလှူရှင်တွေရဲ့ ထောက်ပံ့မှု လုံလောက်အောင် မရတဲ့အတွက် မိသားစုတစုမှာ ယောင်္ကျား၊ မိန်းမ အားလုံးနီးပါး အလုပ်ထွက်လုပ်ကာ တနေ့တာ လုပ်အားခ နည်းနည်းနဲ့ ရပ်တည်နေ ကြရသူတွေဖြစ်တယ်လို့ဆိုပါတယ်။

 ခုချိန်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ စစ်ရှောင်ပြည်သူတွေအတွက် အခင်း၊အမိုးအကာစတဲ့နေထိုင်စရာတွေလိုအပ်နေပြီး အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ် နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။

မိုခါဆိုင်ကလုန်မုန်တိုင်းကြောင့် ချင်းပြည်နယ်က မြို့နယ် ၇ ခုမှာ နေအိမ်ပေါင်း (၁၁၀၀)ကျော်ပျက်စီးခဲ့ပြီး မုန်တိုင်းသင့်ဒေသတွေမှာ ကျန်းမာရေးသုံး ပစ္စည်း၊ဆေက်လုပ်ရေးသုံးပစ္စည်းနဲ့ အခြေခံဆေးဝါးတွေ လိုအပ်နေတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ ချင်းပြည်နယ်ထဲက ပလက်ဝ၊ မတူပီ၊ ဟားခါးနဲ့တီးတိန်မြို့နယ်တွေကို သဘာဝဘေးအ န္တရာယ် ကျရောက်တဲ့ ဒေသတွေအဖြစ် မနေ့က ကြေညာထားပါတယ်။ 

စစ်ကောင်စီဟာချင်းပြည်နယ်က ဒေသတချို့ကို မိုခါဆိုင်ကလုန်းမဝင်မီ ဖုန်းလိုင်တွေ ပြန် ဖွင့်ပေးခဲ့ပေးမယ့် မုန်တိုင်းဖြတ်ကျော်ပြီးနောက် ချက်ချင်းပြန်ဖြတ်တောက်လိုက်တာကြောင့်  ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကို စာရင်းကောက်ယူတာ၊ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေကပြောပါတယ်။ 

မိုခါဆိုင်ကလုန်မုန်တိုင်းကြောင့် မတူပီ CDF တပ်ရင်း ၂ ဌာနချုပ်အဆောင်တွေ ထက်ဝက်ကျော် ပျက်စီးခဲ့ သလို ဖလမ်း CNDF တပ်ရင်း ၂ ဌာနချုပ်နဲ့ ပလက်ဝCDF စခန်းက အဆောင်တွေ အပါအဝင် ချင်းတော်လှ န်ရေးတပ်ဖွဲ့တွေရဲ့စခန်းတချို့လည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။