မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် မြင်ရတဲ့ စစ်တွေမြို့မြင်ကွင်း May 15, 2023 ဒေသအလိုက် သတင်းကဏ္ဍ မေ၊ ၁၅ ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ မြင်ကွင်းတွေကို ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ ဒေသတွင်းမီဒီယာတွေနဲ့ ဒေသခံတချို့က လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ထားတဲ့ ဓါတ်ပုံမှတ်တမ်းတွေပဲဖြစ်ပါတယ်။ စစ်တွေမြို့ဟာဆိုရင် မနေ့ မေလ ၁၄ ရက်နေ့က အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်ခဲ့တာကြောင့် ရေကြီးရေလျှံမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေအပြင် ဆက်သွယ်ရေးတာဝါတိုင်ကျိုးကျမှုတွေလည်း ဖြစ်ခဲ့ပြီး မြို့ခံတွေနဲ့ ပရဟိတအသင်းတွေဆီကို မနေ့ညနေပိုင်းကစလို့ အဆက်အသွယ်ပြတ်ခဲ့ပြီးနောက် အခုမနက်ပိုင်းမှာ မြို့တွင်းမြင်ကွင်းတချို့ကို အခုလိုမြင်တွေ့ရတာဖြစ်ပါတယ်။ ဓါတ်ပုံ- The Arakan Express News/Western News MOCHAစစ်တွေဆိုင်ကလုန်းမိုခါ
နိုင်ငံရေး စစ်တွေမြို့ကို လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်လို့ ရိုဟင်ဂျာငါးဦးသေ March 10, 2024 နိုင်ငံရေး မတ်၊ ၁၀ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ပေါ်ကို ဒီလ ၉ ရက်၊ ည ၁၁ နာရီဝန်းကျင်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ရိုဟင်ဂျာငါးဦး သေဆုံးပြီး ရခိုင်နဲ့ ရိုဟင်ဂျာ အရပ်သား နှစ်ဆယ်ဝန်းကျင် ဒဏ်ရာရတယ်လို့ ဒေသခံတွေထံက [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံတကာရေးရာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပါကစ္စတန်မှာ အရေးပေါ် ကြိုတင် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေ June 13, 2023 နိုင်ငံတကာရေးရာ ဇွန်၊ ၁၃ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု ချဉ်းကပ်လာနေတာကြောင့် ပါကစ္စတန် နိုင်ငံမှာ လူပေါင်း ၈ သောင်းကျော်ကို အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်စေခဲ့ကြောင်း သိရပါတယ်။ ဘီပါဂျွိုင်လို့ နာမည်ပေးထားတဲ့ ဆိုင်ကလုန်းဟာ လက်ရှိ အချိန်မှာ လေတိုက်နှုန်း [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ မုန်တိုင်းအရှိန်ကြောင့် တရက်တည်း နိုင်ငံတဝန်းက မြို့နယ်နှစ်ဆယ်ကျော်မှာ သစ်ပင်ပြိုလဲမှုတွေဖြစ် May 13, 2023 ဒေသအလိုက် သတင်းကဏ္ဍ မေ၊ ၁၃ လာမယ့် ၂၄ နာရီအတွင်း မြန်မာနိုင်ငံကမ်းရိုးတန်းကို ဝင်ရောက်လာတော့မယ့် အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ဒီကနေ့ နိုင်ငံတဝန်းက မြို့နယ်နှစ်ဆယ်ကျော်မှာ မိုးသည်း၊ လေပြင်းတိုက်ကာ သစ်ပင်လဲပြိုမှုအကြိမ်သုံးဆယ်လောက် ဖြစ်ခဲ့တယ်လို့ မီးသတ်ဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]