အောက်စက်တော်ရာ ရေကြီးရေလျှံမှုမြင်ကွင်း

မေ၊ ၁၅
 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မှာရှိတဲ့ မန်းရွှေစက်တော်၊ အောက်စက်တော်ရာမှာ မိုးသည်းထန်မှုကြောင့် မန်းချောင်းရေကျော်ပြီး ရေကြီးရေလျှံမှုဖြစ်နေတဲ့ မြင်ကွင်းတွေကို ဒီကနေ့ မေလ ၁၅ ရက်နေ့မှာတွေ့ရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။
 
မနေ့ မေလ ၁၄ ရက်နေ့မှာ အလွန့်အလွန်အားကောင်းတဲ့ ဆိုက်ကလုန်းမုန်တိုင်း မိုချာဟာ ရခိုင်ကမ်းရိုးတန်းကိုရောက်ရှိခဲ့ပြီး မုန်တိုင်းအရှိန်ကြောင့် ကုန်းတွင်းပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေးမှာလည်း မိုးသည်းထန်မှုနဲ့ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီ မိုးလေဝသဌာနရဲ့ ဒီကနေ့ မေလ ၁၄ ရက်နေ့ တိုင်းထွာချက်နဲ့ ခန့်မှန်းချက်တွေအရတော့ နောက်ထပ် ၁၂ နာရီအတွင်း မိုခါအရှိန်ကြောင့် စစ်ကိုင်းမကွေး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ မိုးကြီးနိုင်ပြီး လေတိုက်နှုန်း အမြင့်ဆုံးမိုင် ၄၀ အထိဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 
ဓါတ်ပုံ- Mg Kyaw