ရခိုင်ကစစ်ရှောင်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မုန်တိုင်းဒဏ်ကာကွယ်ဖို့ အခက်အခဲတွေ ရှိနေ

မေ၊ ၁၂

အင်အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ဖို့ရှိနေတဲ့ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာနဲ့ ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေက တဲအိမ်တွေဟာ မုန်တိုင်းဒဏ်ခံနိုင်လောက်တဲ့အနေအထားမရှိတဲ့အ တွက် ထိခိုက်၊ဆုံးရှုံးမှုတွေ ရှိလာမှာကို စိုးရိမ်နေကြတယ်လို့အဲ့ဒီ ဒုက္ခသည်တွေက ပြောကြပါတယ်။

မုန်တိုင်းရိုက်ခတ်မှုခံရနိုင်ချေရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြေ ပုံ၊ ပေါက်တော၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောစတဲ့မြို့နယ်တွေမှာသိန်းနဲ့ချီတဲ့ဒုက္ခသည်တွေရှိနေတာပါ။

 အဲဒီဒုက္ခသည်တွေဟာ ဓနိမိုး၊ သွပ်မိုး၊ ဝါးထရံကာ တဲအိမ်တွေမှာ ခိုလှုံနေကြရပြီး အဲဒီအိမ်တွေရဲ့ သက်တမ်းဟာလည်း သုံးနှစ်ကနေ ရှစ်နှစ်လောက်အထိ ကြာမြင့်နေ ကြပြီဖြစ်တယ်လို့ ဆိုကြပါတယ်။

“အိမ်တွေက ရှစ်နှစ်လောက်ရှိပြီ၊ မုန်တိုင်းဝင်လာရင် အိမ်တွေ ခံနိုင်ပါ့မလား စိုးရိမ်ပါတယ်၊ပြီးတော့ မီး လောင် ထားတဲ့အိမ်တွေ ပြန်မဆောက်ကြရသေးဘူး၊ လူဦးရေသုံးထောင် ကျော်လောက်က အိမ်မရှိသေးဘူး၊သူတို့က စာ သင်ကျောင်းတွေ၊ဗလီတွေမှာ နေနေကြရတယ်၊(မုန်တိုင်း)ဝင်လာရင် ဘယ်လိုနေမလဲမသိဘူး”လို့ ဒုက္ခသည် ခုနှစ်ထောင် ကျော်ရှိတဲ့ ပေါက်တောမြို့နယ် ကြိမ်နီပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းက တာဝန်ခံက ပြောပါတယ်။

အဲဒီကြိမ်နီပြင်စခန်းမှာ ပြီးခဲ့တဲ့ မေလ ၇ ရက်က မီးလောင်တဲ့အတွက် မိသားစု ငါးရာကျော်၊ လူဦးရေ သုံး ထောင်ကျော်ရဲ့ နေအိမ်တွေ မီးလောင်ပျက်စီးသွားခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေကြရတာဖြစ်ပါတယ်။

“ရေကြီးမှာကိုတော့ မစိုးရိမ်ရဘူး၊တောင်ပေါ်တွေကို တက်ပြေးလို့ရနိုင်တယ်၊လေပြင်းလာမှာကို ကြောက်နေကြတာပါ၊လေပြင်းရင် ကလေးတွေ၊သက်ကြီးတွေ အန္တရာယ်ဖြစ်နိုင်ပါတယ်၊အရင် ဂီရီတုန်းကလည်း အဲလိုမျိုး သေသွားတဲ့ကလေးတွေ ရှိပါတယ်”လို့ ကြိမ်နီပြင်စခန်းမှာနေထိုင်တဲ့ ဒုက္ခသည်တဦးက ပြောပါတယ်။

ဒါ့အပြင် တခြားသော ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာလည်း အလားတူပဲ မုန်တိုင်းကို စိုးရိမ်နေကြရပြီး မုန်တိုင်း ဝင်လာရင် နေအိမ်တွေအကုန်လုံး ပျက်စီးသွားနိုင်တဲ့အလားအလာရှိနေတယ်လို့ ဆိုကြပါတယ်။

“သာမာန်လေတိုက်ရင်တောင် ခေါင်မိုးတွေ ပွင့်နေတာ၊မုန်တိုင်းဝင်ရင် အိမ်တလုံးမှ မကျန်လောက်ဘူး၊ကျွန် တော်တို့စခန်းက ပင်လယ်၀မှာဆိုတော့ လေရော၊ရေကြီးမှာကိုရော ကြောက်နေကြရတယ်၊ မြို့ပေါ်ကို ပြောင်း ဖို့တော့ လုပ်နေကြပါတယ်”လို့ မြေပုံမြို့နယ် တောင်ပေါ်ရိုဟင်ဂျာဒုက္ခသည်စခန်းတာဝန်ခံက ပြောပါတယ်။

စစ်တွေမြို့ သက္ကေပြင် ရိုဟင်ဂျာစခန်းက ဒုက္ခ သည်တဦးကလည်း မုန်တိုင်းကြောင့် တိုက်ခတ်လာမယ့် လေ ပြင်းဒဏ်ကို စိုးရိမ်နေကြပေမယ့် လက်ရှိအထိတော့ ရွှေ့ပြောင်းနေထိုင်ကြတာမျိုးမရှိသေးဘူးလို့ ပြောပါတယ်။ 

“အိမ်တွေကတော့ မခိုင်လောက်ဘူး၊စခန်းက စာ သင်ကျောင်းမှာ ပဲ တက်နေကြမယ်လို့ စဉ်းစားထားတယ်”လို့ သူက ဆိုပါတယ်။

ထို့အတူပဲ ရခိုင်စစ်ဘေးရှောင်တွေရဲ့ စခန်းတွေမှာရှိတဲ့ နေအိမ်တွေဟာလည်း ပြိုပျက်လုနီးပါးဖြစ်နေပြီဖြစ်လို့ မုန် တိုင်းဒဏ်ကို ခံနိုင်ကြမှာ မဟုတ်ဘူးလို့စစ်ရှောင်တွေက ပြောကြပါတယ်။

“အိမ်တွေက အကုန်လုံး ပြိုနေကြပြီ၊နွေရာသီက တည်းက ပြိုနေတာ၊အကူအညီတွေလည်း မရတော့ အသစ်မ ဆောက်နိုင်သေးဘူး၊အခုမုန်တိုင်းဝင်ရင် အဲဒီအိမ်တွေ တခုမှ မကျန်လောက်ဘူး၊ကျွန်တော်တို့ကတော့ ရွာက ဘုန်း ကြီးကျောင်းမှာ နေနေကြပါတယ် အခု”လို့ ရသေ့တောင်မြို့နယ် စေတီပြင် စစ်ရှောင်စခန်းက စစ်ဘေးရှောင်တဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း မြို့ပေါ်ရပ်ကွက်တွေမှာမုန်တိုင်းသတိပေးတာတွေ လုပ်နေ ပေမယ့် ရေမြုပ်နိုင်တဲ့၊ မုန်တိုင်းဒဏ် ခံနိုင်ရည်မရှိလောက်တဲ့ ဒေသတွေက ပြည်သူတွေကို ရွေ့ပြောင်း၊ နေရာချ တာတွေ လုပ်ပေးတာတော့ မတွေ့ရဘူးလို့ အရပ်ဘက်အဖွဲ့တွေက ပြောကြပါတယ်။

ဒါပေမယ့် ရခိုင့်တပ်တော်(AA)အပါအဝင် ဒေသတွင်း အရပ်ဘက်အဖွဲ့တွေကတော့ ဘေးလွတ်ရာကိုကူညီပို့ဆောင် တာတွေ လုပ်နေပြီး လက်ရှိမှာ ရခိုင် ပြည်နယ် စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်မြို့နယ်တို့အတွင်း မုန် တိုင်းရှောင်ပြည်သူပေါင်း သုံးသောင်းဝန်းကျင်လောက်အထိ ရှိနေပြီဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့တွေက ခန့်မှန်း ပြောဆိုကြပါတယ်။

ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ စစ်တွေမြို့နဲ့ မိုင် ၄၇၀ အကွာပင်လယ်ပြင်ကိုဗဟိုပြု

နေပြီး ဆက်လက်ရွေ့လျားနေကာ မေလ ၁၄ ရက် မနက်ပိုင်းမှာ စစ်တွေ့မြို့ကို ဦးတည်ပြီး ကုန်းတိုင်းပိုင်းကိုဝင်ရောက်တိုက်ခတ်မယ်လို့ စစ်ကောင်စီရဲ့ မိုးဇလနဲ့ ပညာရှင်တွေက ခန့်မှန်းထားပါ တယ်။ 

အဲဒီလို မုန်တိုင်းနီးကပ်လာတာနဲ့အမျှ ရခိုင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်တွေ၊ ဆေးဝါးတွေရဲ့ စျေးဟာ အဆမတန်မြင့်တက်နေပြီး ပုံမှန်တသောင်းကျော်လောက်ပဲ ပေးရတဲ့ အသက်ကယ်အင်္ကျီတစုံကို တစ်သိန်း လောက်အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

photo ိရဥ္စရာ/CJ/RFA

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းနဲ့ရိုဟင်ဂျာစခန်းတချို့