ချောင်းဦးနယ်မှာကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဈာပန

မေ၊ ၈

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာကို အခုလ ၅ရက်က စစ်ကောင်စီ စစ်ကြောင်းထိုးချိန်မှာ ထိပ် တိုက်တွေ့ပြီး နှစ်ဘက် ပစ်ခတ်မှုဖြစ်ရာက ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ဈာပနကို ဒီကနေ့ ပြုလုပ်ခဲ့တဲ့ မြင် ကွင်းတွေဖြစ်ပါတယ်။

ကျီကုန်းရွာကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်အုပ်စုဟာ ချောင်းဦးPDF ရဲ့ လေ့ကျင့်ရေးနဲ့စည်းကမ်းထိန်းသိမ်းရေး နောက်တန်းစခန်းခွဲတခုကို ဝင်ရောက်စီးနင်းရာက စခန်းခွဲမှူး တဦးနဲ့ ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ Chaung U Revolutionကဖော်ပြထားပါတယ်။

ဒါ့အပြင်အဲ့ဒီနေရာ အနီးက တောရဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စလုပ်နေတဲ့ ပြည်သူနှစ်ဦး ခေါင်းဖြတ်အသတ် ခံရတဲ့အပြင် စစ်ကြောင်းနဲ့လမ်းမှာဆုံမိတဲ့ အသက်(၆၅)နှစ်အရွယ် စစ်ရှောင်တဦးနဲ့ အသက်လေးဆယ် ဝန်း ကျင်အရွယ် အမျိုးသားနှစ်ဦးတို့ကိုလည်း  သတ်ဖြတ်ခဲ့သေးတယ်လို့သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ခဲ့သူ ရှစ်ဦးထဲက ငါးဦးဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပြီး သုံးဦး ကတော့ ပြည်သူတွေဖြစ်တယ်လို့ Chaung U Revolutionကဖော်ပြထားပါတယ်။

အလားတူ ချောင်းဦးမြို့နယ်ထဲက ပျူစောထီးရွာအဖြစ် လူသိများတဲ့ ကံကြီးကုန်းရွာကို ရိက္ခာလာပို့တဲ့ အင်အား တ ရာကျော်ပါစစ်ကောင်စီစစ်ကြောင်းကလည်း မေလ ၆ရက်က ဒေသခံ နှစ်ဆယ်လောက်ကို ဓားစားခံအဖြစ် ဖမ်း ခေါ်လာကာ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် CRA ရဲ့ တပ်စခန်းတခုကိုစီးနင်းခဲ့ပါသေးတယ်။

အဲ့ဒီစီးနင်းမှုအတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရခဲ့သလို စ ခန်းကိုလည်း လက်လွှတ်ဆုတ်ခွာလိုက်ရပြီး စခန်းမှာရှိတဲ့ မိုင်းတွေနဲ့ လက်နက်ထုတ်လုပ်ရေးပစ္စည်းတွေ၊တခြား အသုံးအဆောင်တွေ ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။