ကုလလုံခြုံရေးကောင်စီ ဆီကမြန်မာလူထုဘာမျှော်လင့်လို့ရမလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပြီလို့ သံအမတ် ကြီးဦးကျော်မိုးထွန်းပြော

မေ ၊ ၅

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်လို့မြန်မာလူထုအနေနဲ့ လုံခြုံ ရေးကောင်စီဆီက ဘာမျှော်လင့်နိုင်မလဲဆိုတာ မေးခွန်းထုတ်ရမယ့် အခြေအနေဖြစ်နေပြီလို့ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် (၂၇)လအတွင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန် တဲ့အ နေနဲ့ သတင်းထုတ်ပြန်ချက်(၇)စောင်၊လုံခြုံရေးကောင်စီဥက္ကဌရဲ့ ထုတ်ပြန်ချက်တစောင်၊မြန်မာ့သမိုင်းမှာ ပထမ ဆုံးအဖြစ် ဆုံးဖြတ်ချက်တခုတို့ကိုချမှတ်နိုင်ခဲ့ပေမယ့် အဲ့ဒီဆောင်ရွက်ချက်တွေကို စစ်ကောင်စီကလေးစားမှုမရှိ ဘူးလို့ သူကပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ငြိမ်းချမ်းရေးရေရှည်တည်တံ့ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို အခုလ ၃ရက်က နယူးယောက်မြို့မှာ ကျင်းပခဲ့ရာမှာ ကုလဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်းတက်ရောက်ဆွေးနွေးခဲ့တာပါ။

အာဏာသိမ်းစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ရွေးကောက်ခံခေါင်းဆောင်တွေကိုပြန်လွှတ်ပေးဖို့ အာ ဆီယံဘုံသဘောတူညီချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ စတဲ့ ကုလလုံခြုံရေးကောင်စီရဲ့ တောင်းဆို ချက်တွေကို လက်ရှိအထိ လျစ်လျှူရှုနေဆဲဖြစ်တယ်လို့ သံအမတ်ကြီးကပြောပါတယ်။

ပဋိပက္ခတခုဖြေရှင်းရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီအတွင်းမှာ မတူညီတဲ့ အမြင်တွေရှိနေတာကို နားလည် ပေမယ့် မြန်မာပြည်သူတွေကိုကာကွယ်ဖို့ ထိရောက်ပြတ်သားတဲ့ လုပ်ဆောင်မှုတွေလိုအပ်နေပြီး နိုင်ငံတကာအ ရေးယူမှုတွေမခံရသရွေ့စစ်တပ်က ပြည်သူတွေကို ဆက်လက်သတ်ဖြတ်နေဦးမှာဖြစ်တယ်လို့လည်းသူ ကပြော ပါတယ်။

နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို လေးစားလိုက်နာပြီး စစ်တပ်က အရပ်သားပြည်သူတွေ အပေါ်ကျူး လွန်နေတဲ့ လူမဆန်တဲ့သတ်ဖြတ်မှုတွေကို လုံခြုံရေးကောင်စီအနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့ အချိန် ကျနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်ပြောပါတယ်။

အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အပြစ်မဲ့ပြည်သူ (၃၄၀၀)ကို ဥပဒေမဲ့သတ်ဖြတ် ခဲ့ကြောင်းနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆)ကြိမ်ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၁ရက်က ကန့်ဘလူ ပဇီ ကြီးရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနှစ်ရာ နီးပါးသေဆုံးခဲ့ကြရတဲ့ အခြေအနေတွေကိုလည်း သံအ မတ်ကြီး ဦးကျော်မိုးထွန်းက အဲ့ဒီဆွေးနွေးပွဲမှာထည့်သွင်းတင်ပြခဲ့ပါတယ်။

စစ်ကောင်စရဲ့လေကြောင်းတိုက်ခိုက်မှုကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ ပဇီကြီးရွာဒေသခံတဦးကတော့ ကုလလုံခြုံ ကောင်စီနဲ့နိုင်ငံတကာ အသိုင်းအဝိုင်းကို သံအမတ်ကြီး ဦးကျော်မိုးထွန်း နည်းတူ မေးခွန်းထုတ်ဝေဖန်လိုက်ပြီး ထိရောက်တဲ့အရေးယူမှုတွေလုပ်စေချင်တယ်လို့ DNAကိုပြောပါတယ်။

ကျွန်တော်တို့တွေ၊ မြန်မာနိုင်ငံမှာပေါ့လေ၊ လူတွေဘယ်နှစ်ယောက်သေမှ၊နောက်ပြီးတော့ ကလေးတွေ ဘယ် နှစ်ယောက်သေမှ ဘယ်လောက်ထိ မြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်မှ စစ်ကောင်စီကို အရေးယူ မလဲပေါ့နော်၊နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ဒီလိုပဲ(မေးခွန်း) ထုတ်ချင်တာပေါ့နော်၊ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်”လို့သူကပြောပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းနဲ့ကုလ လုံခြုံရေးကောင်စီတို့ဟာ နိုင်ငံတကာမှုခင်းတွေဆိုးဆိုးရွားရွား ကျူးလွန်နေ သူတွေကို လုံလောက်တဲ့အရေးယူမှုမလုပ်ခဲ့တဲ့ အခြေအနေတွေရှိနေပြီး အဲ့ဒီလိုအရေးယူမခံရတာဟာ ပြစ်မှု ကျူးလွန်သူတွေအနေနဲ့ဆက်လက်ကျူးလွန်ဖို့ အားပေးရာ ရောက်တယ်လို့လည်း သံအမတ်ကြီးဦးကျော်မိုးထွန်း ကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လူထုဆန္ဒပြသပိတ်တွေပစ်ခတ်ဖြိုခွဲခံရပြီး သေဆုံးဒဏ်ရာရမှုတွေစတင်ရှိလာခဲ့ချိန် မှာ ရန်ကုန်မြို့က ကုလသမဂ္ဂသံရုံးရှေ့မှာ စစ်ကောင်စီကို အရေးယူဖို့ လူဘယ်လောက်များများသေပေး ရဦး မလဲလို့ အင်္ဂလိပ်လိုရေးသားထားတဲ့ စာသားကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တဲ့ လူငယ်တဦးရဲ့ ပုံရိပ်ဟာ ထင်ရှားခဲ့ဖူး ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီလက်ချက်နဲ့ ပြည်သူ သုံးထောင်ကျော်သေဆုံးခဲ့ပြီးဖြစ်သလို တိုက်ပွဲတွေအ တွင်းကျဆုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း အများအပြားရှိနေပါပြီ။ဒါ့အပြင် စစ်ကောင်စီဟာ အခု နောက်ပိုင်းမှာ ကျေးရွာတွေထဲ စစ်ကြောင်းထိုးကာ ဖမ်းမိသူတွေကို ရက်ရက်စက်စက်သတ်ဖြတ်တာ၊ လေ ကြောင်းကတိုက်ခိုက်တာတွေကို ပိုမိုအသုံးပြုနေတာပါ။