မေ၊ ၅
လွန်ခဲ့တဲ့နှစ်တွေကစလို့ မြန်မာလူထုအတွင်း ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့ဆွေးနွေးပြောဆိုမှုတွေ ကျယ်ပြန့်လာပါတယ်။ အခုဆိုရင် ဖက်ဒရယ်စနစ်ရဲ့ သိမ်မွေ့နက်ရှိုင်းတဲ့အပိုင်းတွေကိုတောင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေးလာနေကြပါတယ်။ တဆက်တည်းမှာပဲ နိုင်ငံရေးနယ်ပယ်၊ ပညာရေးနယ်ပယ်က မဟုတ်သူ သာမန်ပြည်သူတွေဟာလည်း မိမိနိုင်ငံဟာ ဘယ်စနစ်နဲ့လည်ပတ်နေတယ်၊ ဒီနိုင်ငံရေးစနစ်ကနေ မိမိတို့ ပြည်သူတစ်ဦးချင်းဟာ ဘယ်လိုဘယ်ပုံ သက်ဆိုင်နေတယ်ဆိုတာကိုလည်း သိရှိနေဖို့လိုအပ်ပါတယ်။
ဒါကြောင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ SFIG နဲ့ JOHN VI တို့ပူးပေါင်းပြီး သာမန်နိုင်ငံသား ပြည်သူလူထုတွေအတွက် အလွန်အခြေခံကျတဲ့ ဖက်ဒရယ်ရေးရာ အချက်အလက်တစ်ချို့ကို “အရပ်ပြောဖက်ဒရယ်လစ်ဇင်” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သရုပ်ဖော်တင်ဆက်လိုက်ရပါတယ်။