အရာတော်မှာမနက်ဖမ်းဆီးခံရတဲ့ဒေသခံ၁၄ဦး နေ့လည်မှာပြန်လွှတ်ပေး

မေ၊ ၂

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ် အနောက်ဖမ်းခြမ်းက ခမြင့်တောကျေးရွာကိုဒီကနေ့မနက်ပိုင်းမှာပဲစစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး ရွာထဲကယာတဲတွေမှာနေထိုင်တဲ့ လူလတ်ပိုင်းအရွယ်အမျိုးသား ၁၄ ဦးကိုဖမ်းဆီးသွားခဲ့ပေမယ့်ပြန်လွှတ်ပေးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

အဲ့ဒီ့စစ်ကောင်စီတပ်တွေဟာခမြင့်တောရွာကိုသေနတ်များပစ်ဖောက်ဝင်ရောက်ပြီးပြန်လည်ထွက်ခွါချိန်မှာဒေသခံအရပ်သားတွေကိုလူသားတံတိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

အရာတော်မြို့နယ်ထဲကသူတို့အထိုင်ချထားတဲ့ စက်မှု့လယ်ယာဂိတ်ထဲကိုဖမ်းဆီးသွားခဲ့တာဖြစ်ပြီးဒီကနေ့နေ့လည်ပိုင်း ၂ နာရီဝန်းကျင်လောက်မှာပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။

“ခမြင့်ရွာကနေ အမျိုးသား ၁၄ ဦးကို စစ်ကောင်စီတပ်သားတွေက လူသားဒိုင်းခေါ်ဆောင်ပြီး အရာတော်မြို့ထဲကို နံနက် ၉ နာရီက ပြန်လည်ဝင်ရောက်သွားပါတယ်။လက်ရှိမှာ ၁၄ ဦးစလုံး ပြန်လည်လွတ်မြောက်လာပါပြီခဗျ၊သက်ကြီးရွယ်အိုတွေ ကလေးတွေ မပါဘဲ ခမြင့်တောရွာခြေက တောတဲတွေမှာနေတဲ့ အမျိုးသားတွေကို ဖမ်းသွားတာ ဖြစ်ပါတယ်ခဗျ၊ရိုက်နှက်နှိပ်စက်တာမျိုးတွေ မရှိပါဘူးခဗျ”လို့အရာတော်ဒေသခံတဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ၊အရာတော်မြို့နယ်အတွင်းကကျေးရွာတွေအပြင်၊အရာတော်-မုံရွာလမ်းပိုင်း၊အရာတော်-ရွှေဘိုလမ်းပိုင်းတွေမှာခရီးသွားပြည်သူတွေကိုချိန်းခြောက်ငွေညှစ်တာတွေ ၊အရာတော်အရှေ့တောင်ဖက်ကရွာတွေမှာနယ်ခံပျူစောထီးတွေနဲ့ပူးပေါင်းပြီး ဒေသခံပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ၊ ငွေညှစ်တာရိုက်နှက်တာတွေပြုလုပ်နေတယ်လို်သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်၊မတ်လ၃ရက်အတွင်း နိုင်ငံနဲ့အဝှမ်းမှာ ပြည်သူပေါင်း ၁၈၅ ဦးကိုစစ်ဆင်ရေးနယ်မြေတွေမှာလူသားတံတိုင်းအဖြစ်ဖမ်းဆီးအသုံးချခဲ့ပါတယ်။

အဲ့ထဲကမှ ၆ ဦးကိုအရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သလို၊၂၄ဦးက သတိဖြတ်ပြီးမှမီးရှို့ခံခဲ့ရတဲ့အပြင်၊၁၉ ဦးကိုလဲသေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးစုစုပေါင်း ၄၉ဦးဖြစ်တယ်လို့AAPP ရဲ့ မတ်လအတွင်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။