စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်သုံးလအတွင်း အရပ်သား ငါးဆယ်ကျော်သေ ဆုံး တယ်လို့KNU ပြော

မေ၊ ၁

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေအတွင်းမှာအခုနှစ် ဇန်နဝါရီကနေ မတ်လကုန်အထိ သုံးလတာအ တွင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ကြောင့် အရပ်သား (၅၅) ဦးသေဆုံးကာ ၆၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ ထုတ်ပြန် ပါတယ်။

ထိခိုက်သေဆုံးခဲ့တဲ့သူတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေကလေကြောင်းနဲ့တိုက်ခိုက်တာ၊ ကျေးရွာတွေထဲ လက်နက် ကြီး၊ လက်နက်ငယ်ပစ်ခတ်တာ၊ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ လူသားဒိုင်းပေါ်တာ ဆွဲခံရရာကနေ သတ်ဖြတ်ခံရ တာ၊ မြေမြှပ်မိုင်းနဲ့ ကျေးရွာတွေထဲ လုယက်ဖျက်ဆီးမီးရှို့ခံရတာတွေ အစရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြောင့် သေဆုံးရတာဖြစ်တယ်လို့ KNU ရဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အဲ့ဒီသုံးလအတွင်း တိုက်လေယာဉ်၊ တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေအသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်မှု (၁၁၆)ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၄၃၈)ကြိမ်လုပ်ခဲ့တယ်လို့ဆိုပါတယ်။

 လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ(၁၅)ဦးသေဆုံးကာ (၂၀)ဦးဒဏ်ရာရခဲ့ပြီး လက်နက်ကြီးနဲ့ တိုက်ခိုက် မှုတွေကြောင့် (၂၅)ဦးသေဆုံးကာ (၁၂၂)ဦး ဒဏ်ရာရခဲ့ပြီးဒီလိုတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက် အအုံ၊စာသင်ကျောင်းနဲ့  နေအိမ်တွေအပါအဝင် ပြည်သူပိုင်အဆောက်အအုံ (၆၀၀)နီးပါးလည်း ထိခိုက်ပျက်စီးခဲ့ တယ်လို့KNU ကဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာထဲစစ်ကြောင်းထိုး ဝင်ရောက်လာချိန်မှာ ဒေသခံတွေက နေအိမ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်ရလေ့ ရှိပြီး အဲလိုတိမ်းရှောင်နေတဲ့အခါမှာ နေအိမ်အတွင်းမှာ ကျန်ရှိနေတဲ့ တန်ဖိုးကြီးပစ္စည်းတွေ ကို ခိုးယူတာ၊ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသုံးတာ၊ အသုံးဝင်တဲ့ပစ္စည်းတွေကို အလိုကျယူဆောင် တာ တွေအပြင် နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်တာကို တွေ့ရှိခဲ့ရတယ်လို့ အစီရင်ခံစာမှာ ရေးသား ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက ဇန်နဝါရီလကနေ မတ်လကုန်အတွင်း ကျေးရွာနှစ်ရွာက အိမ်ထောင်စု (၄၈၆) စု၊ပြည်သူစုစုပေါင်း (၂၈၁၁)ဦးကိုလည်း အတင်းအဓမ္မရွေ့ပြောင်းစေခဲ့တယ်လို့ KNU ကဆိုပါတယ်။

ဒီအချက်အလက်တွေဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေးအုပ်ချုပ်နယ်မြေအတွင်း ခရိုင်၊ မြို့ နယ်၊ ကျေးရွာအုပ်စုအဆင့်ဆင့်ကအရာရှိ၊ ဝန်ထမ်းတွေက အဆင့်ဆင့် ပေးပို့လာတဲ့ အချက်အလက်တွေ၊ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုဌာနချုပ်ရဲ့ နေ့စဉ်ပြုစုတဲ့ မှတ်တမ်းအချက်အလက်တွေကနေ စု စည်းရရှိလာတဲ့ သက်သေအထောက်အထားအပေါ် အခြေခံ၍ ရေးသားပြုစုထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 KNU ရဲ့ တပ်မဟာ(၁)နယ်မြေထဲက ဘီးလင်းဒေသခံ စစ်ရှောင်ပြည်သူတဦးကတော့ စစ်ကောင်စီဟာ လူနေရွာ တွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာမကြာ ပစ်ခတ်နေလို့ ဒေသခံတွေနဲ့ ပိုင်ဆိုင်မှုတွေ မကြာခဏ ထိခိုက်သေ ဆုံးပျက်စီးမှုတွေဖြစ်နေတယ်လို့ DNA ကိုပြောပါတယ်။

 “အခုဆို ရွာမှာ မနေရဲတော့ဘူး သူတို့က နေ့တိုင်းလိုလို၊ တပတ်မှာ သုံးရက်၊လေးရက်လောက် လက်နက်ကြီးနဲ့ ပစ်နေတာလေ၊ ရွာက အမျိုးတွေ ခဏခဏထိနေတာ၊ မွေးထားတဲ့ နွားတွေလည်း သေတယ်၊အခုရွာမှာက အ ဆင်ပြေသလိုပဲ နေနေရတယ်၊ ပစ်ချင်တဲ့ အချိန် ပစ်ကြတယ်၊ဘီးလင်းအမြောက်တပ်ကပစ်တာပေါ့၊ သူတို့ပဲ ခဏခဏပစ်နေတာ” လို့ သူကပြောပါတယ်။