ဧပြီ၊ ၂၇
စစ်တပ်ကအာဏာသိမ်းတဲ့၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ၁ရက်နေ့ကနေ၂၀၂၃ခုနှစ်၊မတ်လ၃၁ရက်အထိ၂နှစ်ကျော်ကာလအတွင်းမှာ နေအိမ် ၊အဆောက်အဦး၊အကြီးစားပစ္စည်း အနည်းဆုံးရ၅ဝကျော်ကိုစစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကမနေ့ကဧပြီ၂၅ရက်ညပိုင်းကထုတ်ပြန်ပါတယ်။
“လက်ရှိမင်းအောင်လှိုင်ဦးဆောင်နေတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ဆိုးရွားရက်စက်ကြမ်းကြုတ်ပြီးယုတ်မာမှုတွေကအရင်ကမကြုံခဲ့ရပါဘူး။ အရင်အာဏာရှင်တွေထက်အများကြီးပိုဆိုးပါတယ်။မြန်မာနိုင်ငံစစ်အာဏာရှင်အဆက်ဆက်မှာအဆိုးဝါးဆုံးအခြေအနေဖြစ်ပါတယ်”လို့AAPPက အမည်မဖော်လိုသူတာဝန်ရှိသူက ဆိုပါတယ်။
အဲ့ဒီထဲမှာ ဒီမိုကရေစီအရေးတတ်ကြွလှုပ်ရှားသူနဲ့အရပ်သားနေအိမ်ချိတ်ပိတ်ခံရသူ၆၃၆ဦးပါဝင်ပြီး အဲဒီထဲမှာအနည်းဆုံး လူ ၃၀၀ ဟာလွှတ်တော်အမတ်တွေ ၊ NLD ပါတီဝင်တွေ၊ NLD ကိုထောက်ခံကြသူတွေဖြစ်ပြီး ၄၇ ရာခိုင်နှုန်းရှိတယ်လို့ AAPP က ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့စစ်ကောင်စီဟာ လူပေါင်း ၆၀၅ ဦးရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းရာမှာ ပါတီကိုယ်စားလှယ် ၂၀၆ ဦးအပါအဝင် ပါတီဝင်ပေါင်း ၃၇၁ ဦးရဲ့ နေအိမ်ပိုင်ဆိုင်မှုတွေပါဝင်တယ်လို့ ပြီးခဲ့တဲ့ဇန်နဝါရီလ၂၉ ရက်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အာဏာသိ်မ်းစစ်ကောင်စီကိုလက်နက်ကိုင်ဆန့်ကျင်တာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF တွေကိုထောက်ပံ့တာ၊ ဆန္ဒပြပွဲတွေကိုဦးဆောင်တဲ့သူတွေအပါအဝင် ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ အိမ်၊ ပိုင်ဆိုင်မှုတွေကိုလည်းသိမ်းဆည်းတာ တွေ့ရပါတယ်။
“အမေ့ကိုဘာမမထောက်ပံ့နိုင်တဲ့အပြင်အသက်ကြီးနေတဲ့အမယ်အိုကြီးကိုတောင်နေစရာမရှိအောင်လုပ်ခဲ့မိတယ်။ ပြီးခဲ့တဲ့လပြည့်နေ့ကအမေအဖမ်းခံလိုက်ရတယ် ။အိမ်လဲချိတ်ပိတ်ခံရတယ်။ အမေ့ကိုမကယ်လိုက်နိုင်ခဲ့ဘူး။ အမေ့အတွက်လဲကလဲံစားချေနေပါတယ်”လို့လွန်ခဲ့တဲ့သုံးလနီးပါးက နေအိမ်သိမ်းဆည်းခံရတဲ့ မုံရွာမြိုံ့က ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုအောင်ကပြောပါတယ်။
အဲဒီလိုနေအိမ်သိမ်းဆည်းချိပ်ပိတ်ခံရသူတွေထဲမှာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာမပါဝင်တဲ့သူတချို့လည်း ပါဝင်နေတယ်လို့သိရပါတယ်။
“အန်တီ့မြေးလေးကဘယ်ထဲမှမပါဘူး။အိမ်မှာပဲအေးအေးနေတာအပြင်တောင်ထွက်တာမဟုတ်ဘူး။သူဖုန်းဝယ်မယ်ဆိုအန်တီ့ကို ပိုက်ဆံတောင်းပြီးထွက်သွားတာ လဖက်ရည်ဆိုင်မှာအဖမ်းခံရတယ်ပြောတယ် ။အန်တီတို့လဲမသိဘူး။ပြန်မလာလို့စိတ်ပူနေတာအိမ်ကိုကားအနက်နဲ့သေနတ်ရှိတယ်ဆိုပြီးလာရှာမသိရတာပါ “လို့မန္တလေးတိုင်းအတွင်းမှာ လွန်ခဲ့တဲ့ ရှစ်လနီးပါးက နေအိမ်ချိတ်ပိတ်ခံရသူရဲ့အဖွားဖြစ်သူကပြန်လည်ပြောပြပါတယ်။
ဖမ်းဆီးခံရသူဟာဒီမိုကရေစီအရေးတတ်ကြွလှုပ်ရှားမှုမှာ မပါဝင်ဘူးဆိုတဲ့အကြောင်းတွေကိုပတ်ဝန်းကျင်နေထိုင်သူတွေကပြောကြပေမယ့် စစ်ကောင်စီကတော့သက်ဆိုင်ရာနယ်မြေရဲစခန်းမှာဖမ်းဆီးပြီးငွေကြေးတောင်းခံတာကို မပေးနိုင်တဲ့အတွက် နှစ်ရက်အတွင်းအိမ်ပေါ်က ဆင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။
နေအိမ်၊ ပိုင်ဆိုင်မှုတွေချိပ်ပိတ်သိမ်းဆည်းတယ်တာတရားရုံးကနေအကြမ်းဖက်ပုဒ်မတွေနဲ့အပြစ်ရှိကြောင်းပြစ်ဒဏ်ချပြီးမှလုပ်ဆောင်လို့ရတာဖြစ်ပြီး အခုလုပ်နေတာတွေ ဟာဘယ်တရားရုံးကမှအမိန့်မချရသေးဘဲလက်လွတ်စပယ်လုပ်နေတာတွေဖြစ်ပါတယ်လို့လည်း AAPP တာဝန်ရှိသူက ပြောပါတယ်။
‘’သားဖြစ်သူကြောင့်မိဘပိုင်ပစ္စည်းသိမ်းဆည်းတာဥပဒေမဲ့လုပ်ဖြစ်ပါတယ်’’လို့ ပြောပါတယ်။
AAPP ရဲ့ စာရင်းအရ စစ်ကောင်စီဟာ ချိတ်ပိတ်တာတွေကိုစစ်ကိုင်တိုင်းက ၁၅၉ နဲ့ အများဆုံးဖြစ်ပြီးအဲဒီနောက်မှာရန်ကုန်တိုင်း ၁၂၄ နဲ့ မန္တလေးတိုင်းက၉၁ ခုနဲ့ ဒုတိယနဲ့ တတိယ အများဆုံးသိမ်းဆည်းခံရကာရွှေ့ပြောင်းရနိုင်တဲ့ ငွေကြေး၊ မော်တော်ယာဉ်၊အဖိုးတန်ရတနာတွေ၊ မီးစက်၊ ကွန်ပြူတာ၊မွေးမြူရေးတိရစ္ဆာန်စတာတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
မရွှေ့မပြောင်းနိုင်တဲ့ ချိတ်ပိတ်ခံရတဲ့ ပစ္စည်းတွေထဲမှာ နေအိမ် တိုက်ခန်းတွေ၆၄၁လုံးအပြင်ဆိုင် ၄၂ ဆိုင်၊စီးပွားရေးလုပ်ငန်း ၁၄ ခု၊ ခြံ ၁၄ ခြံ၊ အဆောက်အအုံနဲ့ရုံးခန်း၁၂ ခု၊ ဆေးရုံနဲ့ ဆေးခန်း ၁၀ ခု၊ စားသောက်ဆိုင် ၇ ဆိုင်၊ စာသင်ကျောင်း ၅ ကျောင်း၊တည်းခိုခန်း၊ ဟိုတယ် ၄ လုံးနဲ့ဘုန်းကြီးကျောင်းတကျောင်းနဲ့ဘုရားရှိခိုးကျောင်းတကျောင်းတို့ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။
ထုပ်ပြန်ချက်မှာပါတဲ့အရေအတွက်ကအချက်အလက်အတိအကျကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်တာကြောင့်မြေပြင်ကစားရင်းဟာထုပ်ပြန်ချက်မှာပါတဲ့အရေအတွက်ထက်ပိုများနိုင်တယ် လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP က DNA ကိုပြောပါတယ်။
အဲဒီလိုလုုပ်ရပ်အတွက် အမိန့်ပေးစေခိုင်းသူတွေ၊ ကာယကံမြောက်အကောင်အထည်ဖော်ဆောင်ရွက်သူတွေ၊ အားပေးအားမြှောက်လုပ်တဲ့သူတွေနဲ့သက်ဆိုင်သူအားလုံး နောင်တချိန်မှာထိုက်တန်တဲ့အပြစ်ပေးအရေးယူမှုကို ခံရမှာဖြစ်သလို သူတို့လုပ်ရပ်အတွက် တာဝန်ခံရမယ်လို့ AAPP တာဝန်ရှိသူက ပြောပါတယ်။
“မတရားသိမ်းဆည်းခံခဲ့ရသူတွေအတွက်လဲတရားမျှတမှုပြန်လည်ရရှိနိုင်ဖို့ ကျနော်တို့အစွမ်းကုန်ကြိုးစားအားထုတ်သွားမှာဖြစ်ပါတယ်”လို့သူကဆိုပါတယ်။