ထီးချိုင့်တိုက်ပွဲမှာ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သားနှစ်ဆယ်ကျော်သေဆုံး

ဧပြီ၊ ၂၄

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်မှာ ဒီကနေ့ဧပြီ၂၄ရက်နေ့မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ကဗျူဟာမှူးအပါအဝင်နှစ်ဆယ်ကျော်သေဆုံးတယ်လို့ထီးချိုင့်မြို့ကာကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ 

“စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွါးနေတာ၃ရက်လောက်ကြာပြီ။ဒီကနေ့တိုက်ပွဲမှာ ဗျူဟာမှူးအပါအဝင် ၂၀ကျော် သေသွား ခဲ့တယ်လို့ သတင်းအတိအကျရတယ် ။ညနေ၅နာရီအချိန်မှာ Mi 17 နဲ့ အလောင်းတွေကိုလာရောက်သယ်ယူသွားခဲ့တယ်”လို့ သူကပြောပါ တယ်။

ဒါ့အပြင် မနက် ၉နာရီခွဲအချိန်ကနေစတင်ပြီး နေ့လည်၂နာရီအချိန်တွင်းလေကြောင်းနဲ့ ၆ကြိမ်လာရောက်ပစ်ခတ်သွားတယ်လို့လည်းဒေသခံကာကွယ်ရေးတပ်တွေကပြောပါတယ်။

တောမရွာနဲ့ မရသိမ်ရွာအကြားက အရိုးတောင်ပေါ်ကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်၊ ဝဲကြီးနဲ့ ဖုန်ကုန်းရွာအကြားကို နှစ်ကြိမ်၊ တောမရွာအနီးနားကို နှစ်ကြိမ် ပစ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

“တံတားဦးကတတ်လာတာကတကြိမ်နဲ့ မြစ်ကြီး နားကတတ်လာတာ၅ကြိမ် တောမရွာအနီးပတ်ချာလည်ကိုလေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ရွာတွေပေါ်မကျပဲတောင်ကြောတွေနဲ့လယ်ကွင်းတွေပေါ်ကျတာဆိုတော့လူထိခိုက်မှုမရှိပါဘူး ။တောမရွာ ကိုတော့ မီးရှို့ သွားတယ်။အိမ်ခြေ၃၀လောက်မီးလောင်နိုင်တယ်လို့ ခန့်မှန်းတယ်” လို့ သူကဆိုပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့ကထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းကာလ နှစ်နှစ်အတွင်းမှာ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၆၅၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၂၈၈ ဦး သေဆုံးခဲ့ပြီး အရပ်သား ၃၇၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ ဒေသခံရွာသူရွာသားတွေအနေနဲ့ ထိခိုက်ကျဆုံးတာမရှိပေမယ့်  တော်လှန်ရေးတပ်ဖွဲ့ဝင်၄ဦးကတော့ ထိခိုက်ဒဏ်ရာရပေမယ့်မစိုးရိမ်ရဘူးလို့သိရပါတယ်။

ထီးချိုင့်မြို့နယ် ကျုတောင်၊ ဝဲကြီး၊မုဒ်ဝ၊ တောမ၊ ဖုန်ကုန်းရွာအနီးဝန်းကျင်က ဒေသခံ၂၀၀၀ ဝန်းကျင်ဟာစစ်ရှောင်နေရတယ်လို့လည်းသိရပါတယ်။ 

ဒီကနေ့ညနေပိုင်းက မုဒ်ဝရွာအနီး ကို စစ်ကောင်စီကလေကြောင်းကနဆင့် စစ်အင်အားလာဖြည့်တင်းသွားခဲ့ပါသေးတယ်လို့လည်းဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဂျက်ဖိုက်တာတွေနဲ့ လာရောက်ပစ်ခတ်တာရှိပေမယ့်ဗုံးမှားချမိတယ်ဆိုတာတာ့ မသိရှိဘူးလို့လည်းပြောပါတယ်။

“လေကြောင်းတိုက်ခိုက်မှုမှာ စစ်တပ်ကသူ့ဘက်သူဗုံးကြဲမှားတယ်လို့သတင်းတွေတတ်လာပေမယ့် ဒါတွေကအရပ်ပြောတွေဘယ်သူမှအတည်မပြုနိုင်တဲ့ကိစ္စတွေဖြစ်တယ်”လို့ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့တင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထီးချိုင့်မြို့ပေါ်ကနေ ညောင်ပင်သာရွာဘက်ကို ဧပြီ ၂၀ ရက်ကနေစပြီး စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်လာပြီးနောက် ဧပြီ ၂၂ ရက်နေ့ကနေစတင်ကာ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။

သုံးရက်ကြာတိုက်ပွဲကိုNUGအစိုးရလက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ကချင်လွတ်လပ်ရေးတပ်မတော်KIA တပ်ဖွဲ့တွေတွေပူးပေါင်းတိုက်ခိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်။

ဧပြီ ၂၂ရက်ညနေပိုင်းကဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကထီးချိုင့် မြို့မရဲစခန်းကို ၄၀ မမ ၈လုံးနဲ့သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်၃ဦးလည်းသေဆုံးခဲ့ပါသေးတယ်။ 

စစ်ကိုင်းတိုင်းထဲမှာ မြို့နယ်၃၈မြို့နယ်အနက် ဖေဖော်ဝါရီလအတွင်းမှာမြို့နယ်၁၄မြို့နယ်ကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေငြာခံခဲ့ရတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာဒီကနေ့အချိန်ထိ စစ်အုပ်ချုပ်ရေးကြေငြာခံရတဲ့မြို့နယ်ပေါင်း၄၇မြို့နယ်ရှိလာပြီဖြစ်ပါတယ်။

ဒ့ါအပြင် နှစ်နှစ်ကျော်ကာလအတွင်း စစ်ရှောင် ၁ဒဿမ ၆သန်းကျော်ထဲမှာရှစ်သိန်းနီးပါးနဲ့ မီးရှို့ခံရတဲ့အိမ်ခြေငါးသောင်းခွဲဝန်းကျင်မှာစစ်ကိုင်းတိုင်းက လေးသောင်းကျော်ပါဝင်ပါတယ်။