ဧပြီ၊ ၂၁
ပြည်သူတွေတပ်ဆင်အသုံးပြုနေတဲ့ဆိုလာစနစ်ကနေ ပိုလျှံနေတဲ့လျှပ်စစ်တွေကို တယူနစ် ကျပ်ရှစ်ဆယ်ဝန်း ကျင်နဲ့ဝယ်မယ်လို့ စစ်ကောင်စီလက် အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်း(YESC)က ဒီကနေ့ထုတ်ပြန်ပါတယ်။
လျှပ်စစ်ကားတွေ၊ လျှပ်စစ်ရထားတွေ အသုံးပြုဖို့ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်းကအကြိမ်ကြိမ်ပြော ဆိုနေ ပေမယ့် အိမ်သုံးလျှပ်စစ်ကိုတောင် အချိန်မှန်လုံလောက်အောင်ဖြန့်ဖြူးပေးနိုင်ခြင်းမရှိတော့တဲ့နောက် စစ် ကောင်စီကအခုလို ကြေညာလာတာဖြစ်ပြီးဝေဖန်မှုတွေလည်းရှိနေပါတယ်။
လျှပ်စစ်ကားတွေအသုံးပြုကြဖို့ တိုက်တွန်းနေသလို တရုတ်နိုင်ငံက လျှပ်စစ်ကားတွေကိုတင်သွင်းကာ၊ အဲ့ဒီ ကားတွေအားသွင်းနိုင်ဖို့နေရာတွေကိုလည်း ဆောက်လုပ်ပြင်ဆင်နေတဲ့စစ်ကောင်စီက လျှပ်စစ်ကားတွေအတွက် တယူနစ် ကျပ်လေးရာနဲ့ရောင်းပေးမယ်လို့အသိပေးထားပါ။
အခု ပြည်သူတွေရဲ့ ဆိုလာစနစ်ကနေ ပိုလျှံတဲ့လျှပ် စစ်ကိုတော့ တယူနစ် ကျပ် ရှစ်ဆယ်ဝန်းကျင်နဲ့ဝယ် ယူမယ် လို့ဆိုပါတယ်။ဒါဟာရှေ့နောက်မညီတဲ့ နှုန်းထားသတ်မှတ်မှုတွေဖြစ်တယ်လို့ ကားအရောင်းအဝယ်လုပ်ငန်း လုပ် ကိုင်သူတဦးကထောက်ပြပါတယ်။
ဆိုလာစနစ်ကနေပိုလျှံတဲ့ လျှပ်စစ်ကို ၁၀၀ကီလိုဝပ်ကနေ ၁ မဂ္ဂါဝပ်အထိ ၈၅ကျပ်၊၁မဂ္ဂဝပ်အထက်ကနေ ၁၀ မဂ္ဂါဝပ်အထိ ၈၀ကျပ်နှုန်းဝယ်မယ်လို့ YESC ကပြောပါတယ်။လျှပ်စစ်ယူနစ်တွက်ချက်မှုတွေအရ တယူနစ်မှာ တထောင် ကီလိုဝပ်ရှိတာဖြစ်လို့ တယူနစ်အောက်ကနေ ယူနစ်တသောင်းအထိကို တယူနစ် ကျပ်ရှစ်ဆယ် ဝန်းကျင်နဲ့ ပြည်သူတွေရဲ့ပိုလျှံလျှပ်စစ်ကိုပြန်ဝယ်မယ့်သဘောဖြစ်ပါတယ်။
လက်ရှိမီတာခနှုန်းထားတွေအရ အိမ်သုံးလျှပ်စစ်တွေကို တယူနစ် ကနေ ယူနစ်တရာအထိသုံးစွဲမှုတွေအတွက် ၃၅ကျပ်ကနေ ကျပ်၉၀ အထိသုံးစွဲတဲ့ ယူနစ်ပမာဏအလိုက် ပြည်သူတွေဆီက ကောက်ခံနေတာပါ။ယူနစ်တရာ ကျော်ရင်တော့ ကျပ် (၁၁၀)ကနေ (၁၂၅)ကျပ်အထိ ပေးဆောင်နေရတာပါ။
လျှပ်စစ်မှန်မှန်မပေးနိုင်တော့တဲ့ အခက်အခဲကို ဖြေရှင်းဖို့အတွက် ပြည်သူတွေရဲ့ ဆိုလာစနစ်ကပိုလျှံလျှပ်စစ်ကိုဝ ယ်ယူတဲ့နည်းအသုံးပြုဖို့ကြိုးစားလာတဲ့ စစ်ကောင်စီဟာ သတ်မှတ်နှုန်းထားတွေအရအမြတ်လည်းထွက် နေဦး မယ့်သဘောဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ဆိုလာစနစ်ကပိုလျှံလျှပ်စစ်ပြန်ဝယ်မယ့် စစ်ကောင်စီရဲ့အကြံအစည်ဟာ ရှေ့နောက် မညီသလို လက်ရှိ လျှပ်စစ်အခက်အခဲကိုထိထိရောက်ရောက်ဖြေရှင်းနိုင်မယ့် နည်းလမ်းတခုလည်း မဖြစ်နိုင်ဘူး လို့ ရန်ကုန်မြို့ခံတွေက သုံးသပ်ကြပါတယ်။
“သိရသလောက်ဆိုလာသုံးသူတွေက လျှပ်စစ်လိုင်းအစားထိုးသုံးတာလောက်ပဲရှိတယ်၊ စီးပွားဖြစ်လုပ် ရလောက် အောင်၊ပြန်ရောင်းရလောက်အောင်အခြေအနေရှိမနေဘူး”လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကထောက်ပြပါတယ်။
ဒါပေမယ့် စစ်ကောင်စီလက်အောက်ခံ YESCရဲ့ ကြေညာချက်ဟာ အများပြည်သူထက် သူတို့နဲ့နီးစပ်တဲ့ လုပ်ငန်း ရှင်တွေနဲ့လက်ဝါးချင်းရိုက်သဘောတူထားတဲ့အရောင်းအဝယ်ကိစ္စတွေအတွက် ဟန်ပြထုတ်ပြန်အသိပေးတာ မျိုးဖြစ်နိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။
“အခုလို ပြည်သူဆီက ပြန်ဝယ်တာကတော့ အဲဒီလူတွေက ရူးနေတာလား၊ ကဲထားပါတော့၊ အဲလူတွေက ဘယ် လောက်ထိ ပိုမှာလည်း မဖြစ်နိုင်တာတွေကို လျှောက်ပြောနေတာပဲ ပြောချင်တယ်၊ ပြည်သူတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ဘူးဆို ရင်လည်း ပြည်သူကို မအုပ်ချုပ်ပါနဲ့၊ အုပ်ချုပ်သူအစိုးရလုပ်ပြီး တခြားနည်းလမ်းတွေ မရှိတော့ဘူးလား၊ မစဉ်းစားတတ်ကြတော့ ဘူးလား” လို့ရန်ကုန်မြို့ခံတဦးက ဝေဖန်ပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့အပါအဝင်မြို့ကြီးတွေမှာ လျှပ်စစ်မီးပြတ်တောက်မှုအခြေအနေ ဆိုးဆိုးရွားရွားဖြစ်နေပြီး တရက်ကို အများဆုံး ရှစ်နာရီသာ သုံးစွဲခွင့်ရကြသလို မြို့နယ်တချို့မှာတော့ တရက် နှစ်နာရီလောက်သာ သုံးစွဲခွင့်ရတဲ့ အခြေအနေတွေလည်းရှိနေပါတယ်။
လျှပ်စစ်မီးပြတ်တောက်ချိန်တွေ ပုံမှန်မရှိတာ၊နာရီနဲ့ချီ အချိန်ကြာကြာဆက်တိုက် ပြတ်တောက်တာတွေကြောင့် ပြည်သူတွေရဲ့ တနေ့တာ လုပ်ငန်းတွေ၊ တနိုင်တပိုင်စီးပွားရေး လုပ်ငန်းတွေလည်း ထိခိုက်လာသလို ပျက်စီးဆုံးရှုံ းမှုတွေလည်း ပိုများလာတယ်လို့ တနိုင်တနိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
“ အမတို့က မော်တာနဲ့ စက်ချုပ်တာလေ၊ အခုလို မီးက လာချင်တဲ့ အချိန်လာတယ်၊ မလာချင်ရင် မလာဘူး၊ လာ ရင်လည်း ကောက်လာတယ်၊ ပျက်ချင်ရင်လည်း ချက်ချင်းပြတ်တယ်၊ အဲဒီတော့ ဒီမှာ အော်ဒါလက်ခံထားတဲ့ အထည်တွေ ဒုက္ခရောက် တာပေါ့၊ လုပ်ငန်းခွင်မှာ ဆုံးရှုံးမှုတွေ အများကြီး ရှိတာပေါ့ ” လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ သူတို့လက်ထက်မှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြဿ နာကို ဖြေရှင်းနိုင်ရေးဟာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်လို့ ဝန်ခံပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ လျှပ်စစ်ဖြန့်ဖြူးပေးနိုင်မှုအခြေအနေတွေ သိသိသာသာတိုးတက်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ လျှပ်စစ်မီးအခြေအနေဟာ ဆိုးဆိုးရွားရွားဖြစ်လာတယ်လို့ လူထုကြားဝေဖန် မှုတွေရှိနေပေမယ့် စစ်အုပ်စုကတော့ အခုလိုဖြစ်နေတာဟာ ဓါတ်အားလိုင်းတွေနဲ့ ဓါတ်အားခွဲစက်ရုံတွေ ဖောက် ခွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကြောင့်လို့ တော်လှန်ရေးအင်အားစုတွေကိုလည်း အပြစ်တင်ထားပါတယ်။