ဧပြီ၊ ၂၀
အိမ်အကူ မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့အမှုနဲ့ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရတဲ့သ ရုပ်ဆောင် မင်းရာဇာကို အဓမ္မပြုကျင့်မှုဆိုင်ရာပုဒ်မ (၃၇၆)အရ သင်္ဃန်းကျွန်းခရိုင်တရားရုံးကဒီကနေ့ထောင် ဒဏ်နှစ်နှစ်ဆယ် ချမှတ်လိုက်တယ်လို့ အဲ့အမှုမှာ အိမ်အကူမိန်းကလေးဘက်ကကူညီပေးနေတဲ့ ဒေါ်နော်အုန်းလှဆီကသိရပါတယ်။
ဒီကနေ့ ထောင်ဒဏ်နှစ်နှစ်ဆယ်အပါအဝင် သရုပ် ဆောင်မင်းရာဇာဟာစုစုပေါင်း ထောင်ဒဏ် (၂၅)နှစ်အထိ ချမှတ်ခံထားရတာဖြစ်ပါတယ်။
သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီးဖြစ်သူအပါအဝင် သုံးဦးကို ပြီးခဲ့တဲ့ မတ်လအတွင်း မြောက်ဥက္ကလာတ ရားရုံးကလည်းအပြင်းအထန်နာကျင်စေမှုရာဇ သတ်ကြီးပုဒ်မ (၃၂၆)အရ ထောင်ဒဏ်ငါးနှစ်စီချမှတ်ထားပါသေးတယ်။
သရုပ်ဆောင်မင်းရာဇာဟာ အိမ်အကူမိန်းကလေးကို အဓမ္မပြုကျင့်မှု၊အပြင်းအထန်နာကျင်စေမှုတွေနဲ့၂၀၂၀ခု နှစ်အတွင်း အမှုဖွင့်ခံရပြီးနောက် တိုင်း ရင်းသားလက်နက်ကိုင်နယ်မြေတခုစီတိမ်းရှောင်ခဲ့ပေမယ့် လက်နက်ကိုင်အဖွဲ့က အစိုးရဆီပြန်လွှဲပေးခဲ့ပါတယ်။
အဲ့ဒီနောက် ၂၀၂၁ခု နှစ် စစ်အာဏာသိမ်းပြီးနောက် အမှုတချို့ ပိတ်သိမ်းပေးရာမှာ မင်းရာဇာတို့အပေါ်စွဲဆိုထားတဲ့အမှုတွေလည်းပါဝင်ခဲ့ပါသေးတယ်။
အဲ့ဒီလိုပိတ်သိမ်းတဲ့အပေါ် အိမ်အကူမိန်းကလေးဘက်က ကန့်ကွက်တာကြောင့် တရားရုံးကပြန် လည်လက်ခံကာ ဆက်လက်စစ်ဆေးခဲ့တာပါ။
လက်ရှိတရားရုံးအမိန့်တွေအရ သရုပ်ဆောင်မင်းရာဇာက အမှုနှစ်မှုအတွက် ထောင်ဒဏ် (၂၅)နှစ်၊မင်းရာဇာရဲ့ဇနီးဖြစ်သူနဲ့ နောက်တဦးကတော့ အပြင်းအထန်နာကျင်စေမှုအတွက် ထောင်ဒဏ်ငါးနှစ်စီကျခံရမှာဖြစ်ပါတယ်။