စစ်ကောင်စီတပ်သားလေးဦးလက်နက်နဲ့ အလင်းဝင်လာတယ်လို့KNU ပြော

ဧပြီ၊ ၁၉

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်မဟာ(၅)နယ်မြေ မူတြော်ခရိုင်(ဖာပွန်ဒေသ)မှာ စစ်ကောင်စီတပ်သားငါးဦး လက်နက်ခဲယမ်းတွေနဲ့ အခုလအတွင်း အလင်းဝင်လာတယ်လို့ KNLA တပ်မဟာ(၅) သတင်းနဲ့ပြန်ကြားရေးကဒီကနေ့ ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ(၃၄၁)တပ်ရင်းက အသက် (၂၁)နှစ်ကနေ (၃၀)အထိ အရွယ်တွေပါဝင်တဲ့ တပ်သားအဆင့်ရှိသူလေးဦးဟာ အခု (၁၀)ရက်က လက်နက်ခဲယမ်းတွေနဲ့ အ လင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတပ်သားလေးဦးဟာ စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်းတခုဖြစ်တဲ့လယ်တိုးစခန်းမှာ တာဝန်ကျနေချိန် MA-1 ရိုင်ဖယ်သေနတ် လေးလက်၊ကျည်ဆံအပြည့်ပါ ကျည်ဘောက်(၁၆)ခု၊လက်ပစ်ဗုံးနှစ်လုံး၊ခွင့်ဗုံးနှစ်လုံးနဲ့ အလင်းဝင် လာတာလို့ KNU တပ်မဟာ(၅)ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ အဲ့ဒီစစ်ကောင်စီတပ်သားလေးဦးက KNLA တပ်ဖွဲ့ဝင်တွေနဲ့အတူ လက်တွဲပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဆန္ဒရှိတဲ့အကြေင်းအသိပေးထားတယ်လို့လည်းဆိုပါတယ်။

၂၀၂၁ခုနှစ်မှာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ KNU လက်အောက်ခံ တပ်တွေဆီ လ တိုင်းနီးပါး လက်နက်ချအလင်းဝင်ရောက်မှုတွေရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။