ကနီနယ် တာဝါတိုင်စခန်းကုန်းတိုက်ပွဲမှာ PDFနဲ့ စစ်ကောင်စီနှစ်ဘက် ထိခိုက်ကျဆုံးမှုရှိ

ဧပြီ၊ ၁၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်က စစ်ကောင်စီရဲ့ တာဝါတိုင်စခန်းကုန်းကိုသိမ်းပိုက်နိုင်ခဲ့တဲ့ တိုက် ပွဲမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုများသလို PDFဘက်ကလည်းတဦးကျဆုံးကာ(၁၃)ဦးဒဏ်ရာရခဲ့ တယ် လို့ ယင်းမာပင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဇော်ထူးအောင်က DNAကိုပြောပါတယ်။

“စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ သူတို့ဘက်က အထိခိုက်အကျအဆုံးများတယ်၊စခန်းသိမ်းပြီးလို့ ရဲဘော် တွေပြန်ဆုတ်ချိန်မှာ Mi 35 နဲ့ လာပစ်တယ်၊နောက်ထပ်တစီးနဲ့ လူအင်အားထပ်လာချတယ်၊ စခန်း သိမ်းတိုက်ပွဲ အ ပြီးနယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ မိုင်းတလုံးပေါက်ကွဲခဲ့တာကြောင့် ခရိုင်တပ်ရင်း၁၈ကPDF ရဲဘော်တဦး ကျဆုံး ပြီးတော့ (၁၃)ဦးလောက် ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်”လို့သူကပြောပါတယ်။

အဲ့ဒီစခန်းကုန်းကို မိနစ်နှစ်ဆယ်အတွင်း တိုက်ခိုက်သိမ်း ပိုက်ခဲ့တာဖြစ်ပြီး ရိုင်ဖယ်သေနတ် (၁၅)လက်၊၆၀မမ ပြောင်းတိုတလက်၊ကျည်တသောင်းနီးပါး၊လက်ပစ်ဗုံး (၅၆) လုံး၊ဖောက်ခွဲရေးပစ္စည်းတွေအပါအဝင် လက်နက်ခဲ ယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန် ကြီးဌာနက ဆိုထားပါတယ်။

အဲ့ဒီစခန်းမှာ စစ်ကောင်စီဘက်က အင်အား သုံးဆယ်ဝန်းကျင်ရှိတယ်လို့ NUG ထုတ်ပြန်ချက်မှာဖော်ပြထားပြီး မနေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နှစ်ဆယ်ထက်မနည်းသေဆုံးခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ကဆိုပါတယ်။

“ကျွန်တော်တို့ဘက်ကထိခိုက်ဒဏ်ရာရသူတွေကိုတော့ဆေးဝါးကုသမှုပေးနေပြီး ကျဆုံးခဲ့တဲ့ရဲဘော်ရဲ့နာရေးကို တော့ခရိုင်ကွပ်ကဲက တာဝန်ယူဆောင်ရွက်နေတယ်လို့ “ ဒေသခံPDF တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က တာဝါတိုင် စခန်းကုန်းကို ရဟတ်ယာဉ်နဲ့ နှစ်ကြိမ် လူအင်အား ထပ်ဖြည့်ခဲ့ပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ရဟတ်ယာဉ်နဲ့ ပြန်သယ်သွားခဲ့တယ်လို့လည်း သိရ ပါတယ်။

အခုနှစ်အတွင်း ယင်းမာပင်ခရိုင်ထဲက စစ်ကောင်စီရဲ့တပ်စခန်းကုန်း နှစ်ခုကို ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တွေ ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ ယင်းမာပင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။