မန္တလေးတိုင်း တရားလွှတ်တော်ဒုညွန်မှူးအသတ်ခံရပြီး နေအိမ်လည်းမီးရှို့ခံရ

ဧပြီ၊ ၁၁

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးဒေါ်လေးကြည်နဲ့ သူရဲ့ အိမ်အကူအမျိုး သမီး တဦး ဒီကနေ့ မနက်ပိုင်းက နေအိမ်မှာသတ်ဖြတ်ခံထားရသလို နေအိမ်လည်းမီးရှို့ဖျက်ဆီးခံထားရတယ်လို့ စစ် အုပ်စုနဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။

ချမ်းအေးသာစံမြို့နယ် ၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ အကွက်(၈၉၆)၊ ၃၁ လမ်း၊ ၆၅ လမ်းနဲ့ ၆၆ လမ်းကြားရှိ နေအိမ်မှာဒီကနေ့မနက်သုံးနာရီဝန်းကျင်က မီးလောင်မှုဖြစ်တာကြောင့် ငြှိမ်းသတ်ကြရာက နေအိမ်ထဲမှာ အ သတ်ခံထားရတဲ့ အမျိုးသမီးနှစ်ဦး ကိုတွေ့ရတာလို့ဆိုပါတယ်။

” မီးသတင်းရလို့ သွားကြတာပါ၊အိမ်မှာအသတ်ခံရတဲ့ အမျိုးသမီး အလောင်း နှစ်ခုတွေ့တယ်၊မီးကလည်း တမင် ရှို့သွားတဲ့မီးပါ၊ ကျန်တာတော့ အသေးစိပ်မသိပါဘူး ” လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်သူတဦးကပြောပါတယ်။

မန္တလေးတိုင်း ​ဒေသကြီး တရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးကို အာစီသုံးထပ်တိုက် နေအိမ်ရဲ့ မြေညီထပ် ဧည့်ခန်းက ခုတင်ပေါ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရတာဖြစ်တယ်လို့သိရပါတယ်။

ဒုတိယညွှန်ကြားရေးမှူးဒေါ်လေးကြည်ဟာ လည်ပင်မှာ လက်ကိုင်အဝါတပ် စတီးဓားထိုးစိုက်လျက်နဲ့ သေဆုံး နေ တာဖြစ်သလို ဝဲဘက်ပါးပြတ်ရှဒဏ်ရာသုံးချက်၊ ဝဲနဖူးပြတ်ရှဒဏ်ရာတချက်တို့လည်းရရှိထားတယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။

ဒါ့အပြင် သူရဲ့အိမ်အကူကိုတော့ နေအိမ်ဒုတိယထပ်ရှိ လှေကားခြေရင်းမှာ ပြင်ပဒဏ်ရာမရှိဘဲ လဲကျသေဆုံးနေ တာတွေ့ရှိရတယ်လို့ ဆိုပါတယ်။အမျိုးသမီးနှစ်ဦးနေအိမ်မှာ သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီက စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့သိရပါတယ်။

လက်ရှိအချိန်အထိတော့ တရားခံကို ဖမ်းဆီမိတာမရှိသေးပါဘူး။တရားလွှတ်တော် ဒုတိယညွှန်ကြား ရေးမှူး ဒေါ်လေးကြည်ရဲ့နေအိမ်မီးလောင်မှုကိုတော့ အချိန်မီငြှိမ်းသတ်နိုင်ခဲ့လို့ တခြားအိမ်တွေကို ဆက်လက်ကူးစက် လောင်ကျွမ်းတာမျိုးမရှိခဲ့ဘဲ အဲ့ဒီနေအိမ်အတွင်းက အသုံးအဆောင်တချို့သာ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရ ပါတယ်။