အလုံဓာတ်အားခွဲရုံမှာ မီးလောင်မှုဖြစ်

ဧပြီ၊ ၈

ရန်ကုန်မြို့၊ အလုံမြို့နယ်၊ စောရန်ပိုင်ရပ်ကွက်၊ ကမ်းနားလမ်းက အလုံဓာတ်အားခွဲရုံမှာ မီးလောင်မှုဖြစ်လို့ Level-3 အဆင့် မီးသတ်ယာဉ်အုပ်စုတွေနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။
 
ဒီကနေ့ ညနေ ခြောက်နာရီခွဲကျော်မှာ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကနဦးမှာ မီးသတ်ဌာနက Level-1အဆင့်ပဲ သတ်မှတ်ခဲ့တာပါ။ အဲ့ဒီနောက် Level-3 အဆင့်အထိ အဆင့်တိုးမြှင့်သတ်မှတ်ငြှိမ်းသတ်ခဲ့ရပြီး လက်ရှိ ည ၇ နာရီမိနစ် ၂၀ ဝန်းကျင်မှာတော့ မီးငြိမ်းသွားပြီလို့ ဆိုပါတယ်။
 
ဓာတ်အားခွဲရုံအတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားတဲ့အကြောင်းရင်းနဲ့ ထိခိုက်မှုအခြေအနေတွေကို DNA က ဆက်လက်စုံစမ်းနေပါတယ်။
ဓာတ်ပုံ – MFSD