ဧပြီ၊ ၇
လျှပ်စစ်မီးပြတ်တောက်မှုအခြေအနေနဲ့ CNG ရရှိမှုအခက်အခဲတွေကြောင့် မြို့တွင်းပြေးဆွဲနေတဲ့ YBS ခရီး သည် တင်ယာဉ်လိုင်းတွေက အစီးရေ လျှော့ချမှုတွေရှိလာတယ်လို့ YBS ယာဉ်မောင်းတွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပတ်ကနေအခုဧပြီလပထမပတ်အထိ အချိန်နှစ်ပတ်တာအတွင်း လျှပ်စစ်မီးပြတ် တောက်ချိန်တွေဟာဆိုးရွှားဆုံးဖြစ်နေပြီးCNG ဂတ်စ်ဖြည့်သွင်းရာမှာလည်း အခက်အခဲကြုံတွေ့နေရတဲ့အ တွက် YBS ယာဥ်လိုင်းပိုင်ရှင်တချို့က ယာဥ်အစီးအရေလျှော့ချလိုက်သလို ယာဥ်မောင်းတွေလည်း အလုပ်ရပ်နားခံရ တာ တွေရှိလာတယ်လို့ YBS (၆)ယာဉ်လိုင်းက ယဥ်မောင်းတဦးကပြောပါတယ်။
“ဂတ်စ်တခါဖြည့်ရင်တညလုံးစောင့်ရတာတောင်ရှိတယ်၊အဲတော့ တချို့ယာဥ်ပိုင်ရှင်တွေဆိုရင်ယာဥ်အစီး တွေ လျှော့ဆွဲခိုင်းတာတို့ယာဥ်မောင်းတချို့ကိုအလုပ်ထုတ်လိုက်တာတွေအထိရှိနေတယ်၊YBS ယာဥ်လိုင်းက တက္ကစီ တွေလိုမဟုတ်ဘူးလေ၊လစာစနစ်နဲ့ပေးတဲ့သူလည်းရှိတယ်၊အခေါက်ကြေးနဲ့ပေးတဲ့သူတွေလည်းရှိတော့တ ယောက်ပြုတ်သွားလည်းပိုင်ရှင်တွေ အမြတ်မရမှာမပူရဘူး၊ အဆင်မပြေတဲ့ယာဥ်မောင်းဆိုရင် အလုပ်ဖြုတ်လိုက် တာပါပဲ” လို့သူကပြောပါတယ်။
ရန်ကုန်မြို့တွင်း ခရီးစဉ်တွေကို အရင်က ကားအစီးရေ ၃၅၀၀ ကျော်နဲ့ ပြေးဆွဲခဲ့ရာက လက်ရှိနှစ်ပတ်တာကာလ အတွင်း ယာဉ်စီးရေလျှော့ချမှုတွေကြောင့် အစီးရေ (၃၃၀၀)ဝန်းကျင်သာ ရှိတော့တယ်လို့ YBS ယာဉ်လိုင်း ကြီး ကြပ်ရေးတာဝန်ရှိသူတွေဆီကသိရပါတယ်။
လက်ရှိအစီးရေ လျှော့ချလိုက်တဲ့ ယာဉ်လိုင်းတွေဟာ လှိုင်သာယာ၊လှိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျင်၊ သာကေ တနဲ့ လှည်းကူး၊ထောက်ကြံ့စတဲ့မြို့နယ်တွေကိုပြေးဆွဲနေတဲ့ယာဥ်လိုင်းတွေက အများစုပါဝင်တယ်လို့ဆိုပါတယ်။
“လှည်းကူးနဲ့ထောက်ကြံ့ကအများဆုံးပေါ့၊ အစီးရေ(၉၀)လောက်ကိုလျှော့ လိုက်တယ်၊ ခရီးအနေနဲ့ကဝေး တာ လည်းပါတယ်၊သန်လျင်နဲ့သာကေတဘက်က အစီးရေ (၄၀) လောက် ရပ်သွားတယ်၊ လှိုင်သာယာနဲ့ ရွှေပြည် သာ ကတော့ အစီးရေ(၆၀)ဝန်းကျင်ပေါ့၊လှိုင်သာယာဘက်ဆွဲတဲ့ကားတွေက ယာဥ်အအိုအဟောင်းတွေလျှော့လိုက် တာ” လို့ ရွှေပြည်သာမြို့က YBS ယာဥ်လိုင်းကြီးကြပ်ရေးတာဝန်ရှိတဦးကပြောပါတယ်။
အခုလိုယာဥ်အစီးရေတွေလျော့ချလိုက်တဲ့အတွက်YBS ယာဥ်မောင်း ၂၀၀ ထက်မနည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရသ လို မိသားစုစားဝတ်နေရေးအတွက် ပြင်ပမြို့တွင်းပြေးဆွဲနေတဲ့အောက်ဆိုဒ် ကားတွေမှာ ယာဥ်မောင်းအပြင်စပယ် ယာအဖြစ်လည်း ဝင်ရောက်အလုပ်လုပ်ကိုင်နေကြရတယ်လို့ အလုပ်ရပ်နားခံခဲ့ရတဲ့YBS ယာဥ်လိုင်းယာဥ်မောင်း တွေကပြောပါတယ်။
“အခုက ဂတ်စ်စောင့်ဖြည့်ရတဲ့အထိဖြစ်လာတော့ ယာဥ်အစီး တွေလျော့လိုက်တယ်၊ အဲ့မှာယာဥ်မောင်းတဲ့သူ တော်တော်များကအလုပ်ပြုတ်ကုန်တယ်၊တချို့က အောက်ဆိုဒ်ကားတွေဝင်မောင်းကြတာရှိတယ်၊ စပယ်ယာ ဝင်လုပ်တဲ့သူတွေလည်းရှိတယ်၊မိသားစုစားဝတ်နေရေးအတွက်ကြုံသလိုလုပ်ကိုင်နေရတာပါပဲ” လို့ အလုပ်ရပ် နားခံခဲ့ရတဲ့YBS ယာဥ်လိုင်းယာဥ်မောင်းတဦးကပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ YBS ယာဥ် ၁၁၈ လိုင်း၊ ယာဉ်စီးရေ(၃၃၆၉)စီးကျန်ရှိနေပြီးပုံမှန်စီးနင်းသူ အရေအတွက် ၁၄ သိန်းဝန်းကျင်အပေါ်ဝန်ဆောင်မှုပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေးကြီး ကြပ်မှုကော်မတီ (YRTC)စာရင်းတွေကဆိုထားပါတယ်။
YBSယာဉ် စီးရေတွေလျှော့ချလိုက်တာကြောင့် ရန်ကုန်မှာ ဘတ်စ်ကားအများဆုံးအသုံးပြုကြတဲ့ ရုံးတက်ရုံးဆင်း ချိန်မှာ ကားရဖို့အခက်အခဲဖြစ်လာတာ၊ ယာဥ်အဆင့်ဆင့်စီးနင်းရတဲ့အတွက် ငွေကြေးပိုမိုကုန်ကျရတာ စတဲ့အခြေ အနေတွေရှိလာတယ်လို့ YBS ယာဉ်လိုင်းအသုံးပြုနေသူတွေကပြောပါတယ်။
“ကားဆွဲတာလျော့လိုက်တော့တစ်ခါစောင့်ရင် တနာရီလောက်စောင့်ရတယ်၊အရင်ကဆို ပုံမှန် ၇နာရီကားက ၈ နာရီထိုးတဲ့ခါနီးအထိမလာလို့ အဆင်ပြေမယ့်ကားပြောင်းစီးရတဲ့အထိပဲ၊အဲတာတောင်အလုပ်နောက်ကျတာပါပဲ၊ ညနေအလုပ်ဆင်းချိန်ဆိုရင်လည်း မပြေဘူး၊လူတွေကြပ်ပိတ်သိပ်ပြီးစီးနေရတယ်၊အရမ်းနောက်ကျရင်တော့ တက္က စီကို စုငှားပြီးပြန်ဖြစ်တာများတယ်၊ကုန်ကျစရိတ်ပိုကုန်တာပေါ့၊ကားခနဲ့ချည်းမနည်းကုန်တယ်” လို့ မြောက်ဒဂုံ မြို့နယ်မှာနေထိုင်တဲ့ ကုမ္ပဏီဝန်ထမ်းတဦးကပြောပါတယ်။
NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက စတင်ခဲ့တဲ့ YBS ယာဉ်လိုင်းတွေဟာ အာဏာသိမ်း ပြီး နောက် သတ်မှတ်ယာဉ်စီးခထက် ပိုမိုကောက်ခံတာ၊ယာဉ်နောက်လိုက်တွေလိုက်ပါလာတာ ၊ခရီးသည်တွေအ ပေါ်မချေမငံ ဆက်ဆံပြောဆိုလာတာတွေ ပိုမိုဆိုးရွားလာတယ်လို့လည်း ရန်ကုန်မြို့ခံတွေကဆိုကြပါတယ်။