မန္တလေးမှာ ငွေလာလဲတဲ့အမျိုးသမီးကို သတ်ပြီး ငွေကျပ် သိန်းနှစ်ရာနဲ့ ဆိုင်ကယ်လုယူထွက်ပြေးသူ လွတ်မြောက်နေ

ဧပြီ၊ ၃

မန္တလေးမြို့၊အောင်မြေသာဇံမြို့နယ်၊လမ်း(၈၀)နားကအိမ်တအိမ်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ငွေလာလဲသူအမျိုးသမီးအား သတ်ဖြတ်ပြီး ငွေကျပ်သိန်းနှစ်ရာနဲ့ဆိုင်ကယ်တစီးပါလုယူထွက်ပြေးသွားသူ အမျိုးသားအားဒီကနေ့အချိန်အထိဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။

အဆိုပါအမျိုးသမီးကိုသတ်ဖြတ်ခဲ့သူဟာအဲ့ဒီအိမ်မှာ မတ်လဆန်းက အိမ်ငှားနေပြီး ငွေလဲလုပ်ငန်း လုပ်ကိုင်နေတဲ့ ပုသိမ်ကြီးမြိုနယ်၊ ကုန်းတန်းရပ်နေ အောင်နိူင်ဝေ ဆိုသူဖြစ်ပြီး  အွန်လိုင်းက ချိတ်ဆက်ပြီး ငွေလာလဲတဲ့ အမျိုးသမီးကို သတ်ပြီး ငွေကျပ်သိန်း(၂၀၀)နှင့် စကူဖီဆိုင်ကယ် လုယက်ထွက်ပြေးသွားတာလို့ သိရပါတယ်။

“အသတ်ခံရတဲ့ အမျိုးသမီးက ငွေကြေးကိစ္စတွေနဲ့အဝင်အထွက် အရင်ထဲကရှိတယ် ။ ကိုအောင်နိုင်ဝေက ဒီမှာ အိမ်ဌားပြီး အလုပ်လုပ်နေတာ။ သတ်ခံရတဲ့အမျိုးသမီးဆိုင်ကယ်နဲ့ထွက်သွားတာကို မြင်လိုက်တဲ့သူတော့ရှိတယ် ။လူသတ်မှုဖြစ်တာကို နောက်ထပ်တယောက်က ငွေကြေးကိစ္စနဲ့ အိမ်ထဲဝင်မှ သိရတယ် ။တနာရီလောက်ကြာမှ သိရတာဟု”အဲ့ဒိရပ်ကွက်အတွင်း နေထိုင်သူ တဦးက  DNA ကိုပြောပါတယ်

သေဆုံးသူဟာ မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ် ၊ဥပုသ်တော်ရပ်ကွက်နေသူ မမေသဇင်ဦး (၃၇-နှစ်) ကိုအခင်းဖြစ်ပွားတဲ့နေအိမ်အတွင်း ကြိုးတုပ်လျက်အနေအထားနဲ့လည်ပင်းကိုခုတ်ထစ်ထားတဲ့ဒါဏ်ရာတွေနဲ့သေဆုံးလျက်  တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူ ယူဆောင်သွားတဲ့ငွေကျပ်သိန်းနှစ်ရာနဲ့ စကူဖီ အမျိုးအစားဆိုင်ကယ်ကတော့ တရားခံလိူ့ယူဆရသူယူဆောင်ထွက်ပြေးသွားတာဖြစ်တယ်လို့လဲဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။

“ငွေရှင်က သူ့သူငယ်ချင်းကိုငွေထုပ်ခိုင်းလိုက်တာတဲ့ ။အချိန်အနည်းကြာလာတော့ ဖုန်းဆက်ကြည့်တော့ ဖုန်းကပိတ်ထားတော့ အဲတာနဲ့ ငွေရှင်က လိုက်သွားကြည့်တော့ အိမ်တံခါးတွေက လဲ အကုန်ပိတ်ထားတော့ ။အဲတာနဲ့ သူလဲ သေချာအောင် အနီးနားကCCTV  ရှိတဲ့ တိုက်တွေBankတွေကို အကူအညီ တောင်းပီးကြည့်တော့သူ့သူငယ်ချင်းကို  ဝင်လာတာတွေ့ပြီးအိမ်သော့တွေ ခတ်ထားတော့ ပိုင်ရာဆိုင်ရာ စခန်းကိုသွားပီး သူကူးယူလာတဲ့ CCTV  မှတ်တမ်းတွေတေချာလေးပြပေးပီး အကူညီတောင်ပြီး မှုခင်းဖြစ်တဲ့ နေရာကို လိုက်သွားတော့ အခုလိုဖြစ်နေတာ  သိရတယ်။တရားခံတော့မမိသေးဘူး’’ လို့အောင်မြေသာစံမြို့နယ်ဒေသခံတဦးကDNAကိုပြောပါတယ်။

တရားခံဖြစ်သူ ဦးအောင်နိုင်ဝေမှာ ပုသိမ်ကြီးမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ယခု လူသတ်မှုဖြစ်ပွါးခဲ့သောအိမ်မှာ ဌားရမ်းနေထိုင်ပြီး အွန်လိုင်း ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း ချေးငွေနဲ့ အွန်လိုင်းလောင်းကစားမျိုးစုံကို ငွေသွင်းငွေထုတ်လုပ်ကိုင်နေသူဖြစ်တယ်လို့ မြို့ခံများထံမှသိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်မန္တလေးမှာလူသတ်၊လုယက်မှုတွေအများအပြားဖြစ်ပွားနေပြီးပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကပဲ ချမ်းအေးသာစံမြို့နယ်ထဲမှာပဲ အောင်နန်းရိပ်သာအနောက်ရပ်ကွက်ရှိ “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး” ဆိုင်ရှေ့မှာဓါးပြတိုက်မှုဖြစ်ပွားခဲ့ပေမယ့် အချို့ကို ဖမ်းဆီးမိတယ်လို့ သိရပါတယ်။

ပုံစာ – အခင်းဖြစ်ပွားသည့် ‌နေအိမ်