ရေစကြိုမြို့ မအူ ရဲကင်းစခန်းကိုပီဒီအက်ဖ်တွေဝင်စီး

ဧပြီ၊ ၃

မကွေးတိုင်း၊ရေစကြိုမြို့နယ် မအူရဲစခန်းကိုဒီကနေ့ဧပြီ ၃ရက်နေ့ မနက်၅နာရီအချိန်ကစတင်ပြီး ဒေသကာကကွယ်ရေးတပ်ဖွဲ့ဝင်တွေကဒုတိယအကြိမ်ဝင်ရောက်စီးနင်းခဲ့သိရပါတယ်။ 

“စခန်းသိမ်းတိုက်ပွဲမှာက၁၀ယောက်သေတယ် ။တပ်ကူလာတဲ့ကားကမိုင်းကွင်းထဲရောက်လာလို့မိုင်းဆွဲတာက၁၅ယောက်လောက်သေတယ်။လက်နက်တွေလည်းသိမ်းလို့ရထားတာတွေရှိတယ်” လို့ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ )ကရဲဘော်ဝေကြီးက DNA ကိုပြောပါတယ်။ 

စစ်ကောင်စီဘက်ကအကျအဆုံးနဲ့ပတ်သတ်ပြီး DNAအနေနဲ့  သီးခြားအတည်မပြုနိုင်သေးပါဘူး။ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ မအူရဲစခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်မှာစခန်းကိုမီးရှို့ဖျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။ စခန်းသိမ်းအပြီး မနက်၈နာရီအချိန်မှာစစ်ကောင်စီတပ်တွေက MI 35 ရဟက်ယာဉ်နဲ့လာရောက်ပစ်ခတ်သွားတယ်လို့လည်းသိရပါတယ်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ၂ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။ အသေးစိတ်အချက်လက်ကို ဒီကနေ့ညနေပိုင်းကို သတင်းထုတ်ပြန်မယ်လို့လည်းသိရပါတယ်။ 

ပြီးခဲ့တဲ့၂၀၂၁ခုနှစ်၊နိုဝင်ဘာ၁၈ရက်နေ့ကလည်းအဆိုပါမအူရဲစခန်းကိုဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်စီးနင်းခဲ့ပြီး လက်တော့ ၁ လုံး၊ ဆိုင်ကယ် ၄ စီး ၊ဗုံးသီး ၁ လုံး၊ ကျည်များအပါအဝင် စာရွက် စာတမ်းများအား သိမ်းဆည်းခဲ့ပါသေးတယ်။

အဆိုပါတိုက်ပွဲမှာစစ်ကောင်စီဖက်က ရဲ၂ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရကာ ကျန်သူတွေမှာစခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေကပြောထားပါတယ်။

ပုံစာ- ရေစကြိုမြို့နယ် ၊မအူရဲကင်းစခန်းကို ၂၀၂၁ခုနှစ်၊နိုဝင်ဘာလ ၁၈ရက်က ပီဒီအက်ဖ်တပ်ဖွဲ့တွေပထမအကြိမ်ဝင်စီးပြီးမီးရှို့ခဲ့စဉ်။