ဧပြီ၊ ၃
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ကံဘဲ့ရွာက အလှူပွဲကို ဓာတ်ပုံ လာရိုက်ပေးတဲ့ (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဦး ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ကံဘဲ့ရွာ နဲ့ ဒေးပေါက်ကျေးရွာကအမျိုးသမီးနဲ့ လူငယ်ဆယ်ဦးထက်မနည်းကိုကိုကျေးရွာအထက်တန်းကျောင်းမှာဖမ်းဆီးနှိပ်စက်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။
အမျိုးသမီးငယ်တွေအပါအဝင်ဖမ်းဆီးထားတဲ့လူငယ်တွေအားလုံးဟာ အသက်နှစ်ဆယ်နဲ့ သုံးဆယ်ကြား အရွယ်တွေဖြစ်ကြပြီးတော့ ကျေးရွာအဝင်လမ်းအထွက်လမ်းတွေမှာပဲစစ်ကောင်စီတပ်သားတွေကအစစ်အဆေးအမေးအမြန်းမရှိဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။
“အမျိုသမီးတွေရောပါတယ်။ပြီးတဲ့ ၂ ရက်လောက်ကပဲတောက်လျောက်ဆိုသလိုဖမ်းနေတာ။အဖမ်းခံရတာဆယ်ယောက်ကျော်ပြီးဒေးပေါက်ရွာတရွာထဲတင်မနည်းဘူး။၁ရက်ကွက်အုပ်ကြီးသေပြီးနောက်မှာစစ်တပ်က်အင်အားတိုးချထားပြီးတော့သက်သက်ကိုဖမ်းနေတာ။”လို့ခရမ်းမြို့ဒေသခံတဦးကDNA ကိုပြောပါတယ်။
မတ်လ ၃၁ ရက်နေ့ကနေဒီကနေ့အထိခရမ်းမြို့နယ်မှာ စစ်ကောင်စီခန့်အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးမျိုးဇော်ဦးအပါအဝင် သုံးခွမြို့နယ်၊ ကတုံးပေါ်ကျေးရွာနဲ့ ကုန်းခလာကျေးရွာကြားမှာ ရဲ ၂ ဦးပစ်ခတ်ခံရလို့သေဆုံးခဲ့ပါတယ်။
အဲ့ဒီ့ပစ်ခတ်ခံရမှု့တွေအပြီးမှာပဲစစ်ကောင်စီတပ်က ခရမ်းမြို့၊ (၇) ရပ်ကွက်မှာ ည ၉ နာရီကျော် အလုပ်ကနေ ပြန်လာသူ ၃ ဦးကို စစ်တပ်က ဖမ်းဆီးသွားတဲ့ အပြင် လမ်းမှာတွေ့တဲ့ ပြည်သူ တဦးနဲ့ဒေးပေါက်ကျေးရွာကဆယ်ဦးထက်မနည်းတဲ့ပြည်သူတွေဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။
“ဒေသခံတွေကို ဒေးပေါက်စာသင်ကျောင်းမှာ ဖမ်းဆီးချုပ်နှောင်ပြီး ညှင်းပန်းနှိပ်စက်မှုတွေလုပ်နေပါတယ်။အပြစ်မရှိတဲ့ ပြည်သူတွေကိုဖမ်းတယ် ။ပြီးတော့ ငွေတောင်းတယ်ပေးနိုင်တဲ့လူဆို ချက်ချင်းလွှတ်ပေးတယ်”လို့ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဥိးကDNAကိုထပ်ပြောပါတယ်။
ဒေးပေါက်ရွာနဲ့အနီးတဝိုက်ကရွာတွေမှာစစ်ကောင်စီတပ်ကအင်အား၁၀၀နီးပါးလောက်တိုးမြှင့်စစ်ဆေးနေတာတွေပြုလုပ်နေပြီးအခုဖမ်းဆီးခံထားရတဲ့အရပ်သားတွေကိုတော့တဦးကို ၁၀ သိန်းကနေ ၁၅ သိန်းအထိတောင်းခံပြီးပေးတဲ့သူတွေကိုတော့ချက်ခြင်းပြန်လွှတ်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။
ခရမ်းမြို့နယ်မှာပြီးခဲ့တဲ့ မတ်လ၃၁ရက်ကဒေးပေါက်နဲ့စွယ်တော်ကွင်းကျေးရွာအသွားလမ်းမှာအသက်နှစ်ဆယ်အရွယ်လူငယ်တဦးကိုစစ်ကောင်စီကပစ်ခတ်လို့သေဆုံးခဲ့တာကို ပီဒီအက်ဖ်တပ်ဖွဲ့ဝင်ဖြစ်တယ်လို့စွပ်စွဲပြီးအလောင်းပြန်ထုတ်ခွင့်မပေးခဲ့ပါဘူး။
ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖက်ကတော့ ခရမ်းမြို့နယ်ထဲမှာစစ်ကောင်စီတပ်တွေဟာ ဒေးပေါက်ကျေးရွာနဲ့ကျေးရွာတချို့တွင် အကြမ်းဖက် စစ်တပ်က အမျိုးသမီးများအပါအဝင် အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်နေသလို ပြည်သူတွေဆီကချိန်းခြောက်ငွေညှစ်တာတွေရှိနေလို့ပြည်သူတွေအနေနဲ့သတိထားသွားလာကြဖို့ဒီကနေ့မှာပဲကြေညာချက်ထုတ်ပြန်ထားပါတယ်။