မြန်မာ့စီးပွားရေး ဆိုးဆိုးရွားရွား ဆုတ်ယုတ်နေဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်

မတ်၊ ၃၁

စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ပဋိပက္ခတွေဖြစ်ပွားနေတဲ့မြန်မာနိုင်ငံရဲ့ စီးပွားရေး ဆိုးဆိုးရွားရွားဆုတ်ယုတ်နေပြီးဒီနှစ်ဧပြီလ ၁ ရက်နေ စက်တင်ဘာလအထိ ၆ လာတာ ဂျီဒီပီတိုးတက်မှုက ၃ ရာခိုင်နှုန်းသာရှိမယ်လို့ ဒီကနေ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာကိုကိုးကားပြီးရိုက်တာသတင်းက ဖော်ပြပါတယ်။

အကြမ်းဖက်မှုတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာ၊လျှပ်စစ်မီးပြတ်တောက်မှုပိုမိုဆိုးဝါးလာတာ၊မူဝါဒဆိုင်ရာမှားယွင်းမှုတွေက နိုင်ငံရေး၊ လူမှုရေးကသောင်းကနင်းအခြေအနေကြောင့် ကျပ်တည်းနေတဲ့စီးပွားရေးကို ဆက်ပြီးဖရိုဖရဲဖြစ်စေမယ်လို့ကမ္ဘာ့ဘဏ်ရဲ့ ဒေသဆိုင်ရာအစီရင်ခံစာမှာဖော်ပြထားပါတယ်။

‘’လျှပ်စစ်မီးပြတ်တောက်တာ၊ Logistics အခက်အခဲ၊ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားငွေလဲလှယ်မှုကန့်သတ်ချက်တွေနဲ့ မူဝါဒဆိုင်ရာမတည်ငြိမ်ခြင်းတို့ကြောင့် စီးပွားရေးအလားအလာတိုးတက်ကောင်းမွန်ဖို့မရှိပါဘူး’’လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်ဟာ ရွေးကောက်ခံအစိုးရကို ဖယ်ရှားပြီးနောက် ပြိုင်ဘက်တွေကို ဖယ်ရှားဖို့ကြိုးစားတာကြောင့် နိုင်ငံအတွင်းမှာ ကသောင်းကနင်းဖြစ်နေပါတယ်။

အဲဒီလိုစစ်တပ်က သဘောထားမတူသူတွေကို ဖြိုခွင်းတာ၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ တုန့်ပြန်မှုတွေကြောင့် နိုငိ်ငံရေးအရဘေးအန္တရာယ်မဖြစ်စေလိုတဲ့၊ပိတ်ဆို့မှုနဲ့ ဂုဏ်သတင်းထိခိုက်မှာစိုးရိမ်တဲ့ နိုင်ငံခြားလုပ်ငန်းတွေက မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့ပါတယ်။

အရှေ့အာရှနိုင်ငံတွေဟာ ကပ်ဘေးလွန်ကာလမှာ စီးပွားရေးပြန်ဦးမော့လာပေမယ့် မြန်မာ့စီးပွားရေးကတော့ ၂၀၁၉ ခုနှစ်ကာလလောက်အနေအထားပဲရှိမယ်လို့လည်းကမ္ဘာ့ဘဏ်က  ဆိုပါတယ်။

မြန်မာ့စီးပွားရေး(ဂျီဒီပီ)ဟာ ၂၀၂၁ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်းကျုံ့သွားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ သုံးရာနှုန်းဟာတိုးတက်ခဲ့တယ်လို့ပါရှိပါတယ်။

အိမ်ထောင်စုတွေဟာလည်း ဝယ်နိုင်စွမ်းအားလျှော့နည်းတာ၊ အစားအသောက်နဲ့ လောင်စာဆီစျေးနှုန်းမြင့်မားလာတာ၊ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် မြန်မာကျပ်တန်ဖိုး ၃၁ရာခိုင်နှုန်းအထိထိုးကျတာကြောင့် ပြင်းထန်တဲ့ ဖိအားနဲ့ရင်ဆိုင်နေရပါတယ်။

လွန်ခဲ့တဲ့နှစ်တွေက ထိန်းချုပ်တဲ့ နှုန်းရှင်မျှောစနစ်ကျင့်သုံးရာကနေ  နိုင်ငံခြားငွေလဲလှယ်တာအပါအဝင် အစိုးရက ထိန်းချုပ်တဲ့စနစ်ကိုကူးပြောင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ မြန်မာစစ်အစိုးရဟာကျပ်ငွေအပေါ်ဖိအားလျော့စေဖို့  ပြည်တွင်းငွေပေးချမှုတွေအတွက် နိုင်ငံခြားငွေမသုံးဖို့ဝန်ကြီးဌာနတွေနဲ့ ဒေသဆိုင်ရာအစိုးရတွေကို အမိန့်ထုတ်ညွန်ကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကတော့ မှတ်ချက်ပေးဖို့ကို ချက်ခြင်းမတုန့်ပြန်ပါဘူး။

စစ်တပ်အာဏာပိုင်တွေကတော့ သူတို့ဟာစီးပွားရေးပြန်ကောင်းဖို့ အကောင်းဆုံးကြိုးစားနေတယ်လို့ပြောဆိုသလို အကျပ်အတည်းဟာ ပြည်ပနိုင်ငံတွေ ကျောထောက်နောက်ခံပေးထားတဲ့’’အဖျက်အမှောင့်’ တွေကြောင့်လို့အပြစ်တင်ပြောဆိုထားပါတယ်။

Reuters သတင်းမှပြန်ဆိုပါတယ်။