မကွေးတိုင်းထဲက PDF တွေကို NUG လက်နက်တပ်ဆင်ပေး

မတ်၊ ၂၉

မကွေးတိုင်းကွပ်ကဲရေးရုံးကနေဦးစီးပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် (၁) စစ်ဒေသရဲ့အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ လက်နက်အပ်ပွဲကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က မကွေးတိုင်းတနေရာမှာလုပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်လာပါတယ်။

စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်းမှတော့ လက်နက်ပေးအပ်တာတွေ၊  လက်နက်ကြီး၊ လက်နက်ငယ် ကျွမ်းကျင်မှုဘာသာရပ်တွေနဲ့  ဒရုန်း၊ စနိုက်ပါသင်တန်းတို့ကိုပါထည့်သွင်းသင်ကြားပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် သင်တန်းဆင်းပွဲမျာ သင်တန်းသားတွေ PDF သီချင်းသံပြိုင်ရွတ်တာ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဒေသခံတွေကို စိတ်ဓါတ်မြှင့်တင်ရေးအစီအစဉ်တွေလည်းလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။

ဓာတ်ပုံ – NUG