မြိုင်ကြားကာလပညာရေးကျောင်းသူကျောင်းသားတွေ ဖန်တီးတဲ့ တိုင်းရင်းသားကျေးရွာ

မတ်၊ ၂၆

မြိုင်မြို့နယ်က ပြည်သူ့အခြေပြုကျောင်းတခုက ကျောင်းသားကျောင်းသူတွေ ဖန်တီးထားတဲ့ တိုင်းရင်းသားကျေးရွာ အနုပညာလက်ရာဓါတ်ပုံတွေပဲ ဖြစ်ပါတယ်။

မြိုင်မြို့နယ်မှာတော့  ပြည်သူ့အခြေပြုကျောင်းကို ၂၀၂၁ စက်တင်ဘာလထဲမှာ စတင်တည်ထောာင်ခဲ့ပြီး လက်ရှိအချိန်ထိ ကျေးရွာပေါင်း ၃၀၀ ကျော်မှာ ကျောင်းပေါင်း ၂၁၁ ကျောင်း ဖွင့်လှစ်ထားတယ်လို့ မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိလည်း ကြားကာလပညာရေးကာလမှာ CDM ဆရာ၊ ဆရာမပေါင်း ၇၆၆ ယောက်နဲ့အတူ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမ တွေအပါအဝင် ဆရာအင်အား၃၀၀၀ ကျော်က ကျောင်းသားပေါင်း သုံးသောင်းလေးထောင်ကျော်ကို ပညာသင်ကြားပေးနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ- Board of Education – Myaing