စီးပွားရေးဆိုင်ရာ ဥပဒေကျွမ်းကျင်သူ ဦးမင်းတေဇညွန့်တင်ပစ်ခတ်ခံရပြီးသေဆုံး

မတ် ၊ ၂၄
 
စီးပွားရေးဆိုင်ရာ ဥပဒေအတိုင်ပင်ခံနဲ့ မူပိုင်ခွင့်ဥပဒေကျွမ်းကျင်သူအဖြစ် လူသိများတဲ့ ဦးမင်းတေဇညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တခုရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
 ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်အတွင်း မတ်လ ၂၄ ရက် ဒီကနေ့ နေ့လယ် တနာရီဝန်းကျင်မှာ အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Urban Owlsလို့အမည်ပေးထားတဲ့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တခုက ထုတ်ပြန် ပါတယ်။
 
မင်းတေဇညွန့်တင်ဟာစစ်အာဏာသိမ်းမှုကို ပေါ်ပေါ်တင်တင်ထောက်ခံသူတဦးဖြစ်သလို၊ လက်ရှိကြံခိုင်ရေး ပါတီ ဒုဥက္ကဌ၊လေတပ်ချုပ် ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းအပါအဝင် စစ်ဗိုလ်ချုပ်တွေရဲ့ ပိုင်ဆိုင်မှုနဲ့ ငွေကြေး တွေကို ပြည်ပနိုင်ငံ တွေဆီ ပြောင်းရွှေ့ပေးနေသူလည်းဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။
 
အဲ့ဒီလိုရွှေ့ပြောင်းပေးခဲ့တဲ့ စစ်အုပ်စုရဲ့ပိုင်ဆိုင်မှု ဒေါါလာသန်းရာချီရှိနေပြီဖြစ်တယ်လို့ ဆိုထားပါတယ်။အဲ့ဒီအ ချက်တွေနဲ့ပတ်သက်လို့ DNA ကသီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ဦးမင်းတေဇညွန့်တင်ဟာ အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို လိုလားတဲ့သဘော ရေးသားဖော်ပြ မှုတွေ လူမှုကွန်ရက်မှာ ရေးသားခဲ့ဖူးပါတယ်။
 
လက်ရှိမှာ မင်းတေဇညွန့်တင်ဟာ ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေရေးရာ ကော်မတီဝင်တဦးအဖြစ်လည်း ဆောင်ရွက်နေသလို အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ ဥပဒေအကြံပေး ကုမ္ပဏီတွေ တည်ထောင်ထားကာ ငွေကြေးခဝါချတာ၊ကွန်ဒိုနဲ့ မြေကွက်တွေဝယ်ယူတာ၊ကုမ္ပဏီ တည်ထောင်တာတွေ အ တွက် ဝန်ဆောင်မှုပေးနေတယ်လို့ဆိုပါတယ်။
 
အခုဖြစ်စဉ်ဟာ စစ်ကောင်စီနဲ့အကျိုးတူလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ရာဇသံထပ်ပေးလိုက်် တာ ဖြစ်ပြီး စစ်ကောင်စီနဲ့ စီးပွားရေး လုပ်ကိုင်နေသူတွေ၊စစ်ကောင်စီနဲ့အပေါင်းအပါတွေက ပိုင်ဆိုင်မှုတွေကို ပြည်ပ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေတာနဲ့ ရွှေ့ပြောင်းတဲ့ လမ်းကြောင်းတွေကို စုံစမ်းသိရှိထားပြီးဖြစ်တယ်လို့လည်း Urban Owlsအဖွဲ့ကဆိုပါတယ်။
 
ဦးမင်းတေဇညွန့်တင်ကို ပစ်ခတ်ခဲ့တဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကတော့ လုံခြုံဘေးကင်းတဲ့နေရာကို ရောက်နေကြပြီလို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
ဦးမင်းတေဇညွန့်တင်ဟာ ပြည်တွင်းမှာလည်း Biz Law Consult Myanmar အမည်နဲ့ ဥပဒေအတိုင်ပင်ခံ ကုမ္ပဏီ တခုထူထောင်ထားပြီး ဥာဏပစ္စည်းမူပိုင်ခွင့်ဥပဒေတွေပြဌာန်းနိုင်ဖို့ တွန်းအားပေး ရေးသားပြောဆိုမှုတွေလည်း လုပ်ခဲ့သူတဦးဖြစ်ပါတယ်။