မတ်၊ ၂၃
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုကျောင်းပညာရေးဇုန်တခုက ကျောင်းသူ၊ကျောင်းသား တွေဟာ စွန့်ပစ်ပစ္စည်းတွေကိုအသုံးချပြီး အသုံးအဆောင်နဲ့ အလှဆင်ပစ္စည်းတွေ၊အနုပညာလက်ရာတွေကို ဖန်တီးခဲ့ ကြပါတယ်။
အဲ့ဒီအသုံးအဆောင်တွေ၊အနုပညာလက်ရာတွေကို ကမ္ဘာလုံးဆိုင်ရာပြန်လည်တီထွင်သုံးစွဲရေးနေ့ (Global Recycling) ဖြစ်တဲ့ မတ်လ ၁၈ရက် မှာ ဖန်တီးခဲ့ကြတာလို့ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ဖော်ပြ လာ ပါတယ်။
ကမ္ဘာတဝှမ်း စွန့်ပစ်ပစ္စည်းတွေများပြားလာမှုနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို လျှော့ချနိုင် ဖို့အတွက် လှုံ့ဆော်စည်းရုံးမှုတခုအနေနဲ့ နှစ်စဉ် မတ်လ ၁၈ရက်ကို (Global Recycling Day)အဖြစ် ၂၀၁၈ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့တာပါ။
အခုနှစ်မတ်လ (၁၈)ရက်ကကျရောက်ခဲ့တဲ့ Global Recycling Day မှာ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ နဲ့ချိတ် ဆက်ဖွင့်လှစ်ထားတဲ့ ပြည်သူ့အခြေပြုကျောင်းပညာရေးဇုန်တခုက ကျောင်းသူ၊ကျောင်းသားတွေက စွန့်ပစ် ပစ္စည်း တွေကို လက်မှုအနုလက်ရာတွေအဖြစ် ပြန်လည်ဖန်တီးခဲ့ကြတာပါ။